Connect with us

Africa & Middle East

ဆော်ဒီအာရေဗျနှင့် ပြန်လည်သင့်မြတ်လာခြင်းက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင် သက်ရောက်မှုရှိကြောင်း အီရန်ပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့နှင့် ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား သံတမန်ဆက်ဆံရေးပြန်လည်စတင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနှင့် လုံခြုံရေးအပေါ် အပြုသဘောသက်ရောက်မှုရှိမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့ကြောင်း အီရန် သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud ၊ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian တို့နှင့် ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံကြား ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရန် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်သည် “ဒေသတွင်းအတွက် အလွန်ပင် အပြုသဘောဆောင်သည့် တုံ့ပြန်မှုရှိကြောင်း” နှင့် နိုင်ငံတကာအဆင့်ကလည်း ကြိုဆိုကြောင်း လက်ရှိ အီရန်ပြက္ခဒိန်အရ ပထမဆုံးပြုလုပ်သော သတင်းစာရှင်းပွဲ၌ Nasser Kanaani က ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

အဆိုပါ သဘောတူညီချက်သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအပေါ် အပြုသဘောသက်ရောက်မှုရှိစေခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးအပေါ် တွန်းအားပေးခြင်းရှိစေမည်မှာ အသေအချာဖြစ်ကြောင်း၊ အီရန်နှင့် ဆော်ဒီအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်လည်းပဲ ကုန်သွယ်ရေးနှင့် စီးပွားရေးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း Kanaani က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Iran says rapprochement with Saudi Arabia to positively impact on regional peace, stability
TEHRAN, April 10 (Xinhua) — The Iranian Foreign Ministry spokesman said Monday that the resumption of diplomatic relations between Iran and Saudi Arabia will have positive impacts on regional peace, stability and security, Iranian official news agency IRNA reported.
Making the remarks at his first press conference in the current Iranian calendar year, Nasser Kanaani said the Beijing-brokered agreement between Iran and Saudi Arabia to normalize ties has met with “very positive reactions” in the region, and welcomed at the international level, according to the report.
The agreement would definitely have positive impacts on strengthening regional cooperation, so as to foster peace, stability and security in the region, as well as on boosting trade and economic relations not only between Iran and Saudi Arabia but also with other regional countries, Kanaani noted.
Photo 1, 2: Chinese State Councilor and Foreign Minister Qin Gang meets with Saudi Arabian Foreign Minister Prince Faisal bin Farhan Al Saud and Iranian Foreign Minister Hossein Amir-Abdollahian in Beijing, capital of China, April 6, 2023. (Xinhua/Ding Lin)