Connect with us

China

တရုတ်နိုင်ငံ၏ အကြီးဆုံး ဆိုလာအပူစွမ်းအင်သုံးစက်ရုံက လျှပ်စစ်ဓာတ်အားထွက်ရှိမှု စံချိန်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Urad Middle Banner ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသော ၁၀၀ မဂ္ဂါဝပ် ဆိုလာအပူစွမ်းအင်သုံးစက်ရုံကို ၂၀၂၃ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟောက်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နိုင်ငံ၏ အကြီးဆုံး ဆိုလာအပူစွမ်းအင်သုံးစက်ရုံသည် ယခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသော ၁၂ လတာ ကာလအတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၃၃၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Urad Middle Banner ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသော ၁၀၀ မဂ္ဂါဝပ် ဆိုလာအပူစွမ်းအင်သုံးစက်ရုံကို ၂၀၂၃ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

China Shipbuilding New Power ကုမ္ပဏီလီမိတက်မှ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပြီး Urad Middle Banner ရှိ ၁၀၀ မဂ္ဂါဝပ် ဆိုလာအပူစွမ်းအင်သုံး စက်ရုံနှင့် စွမ်းအင်သိုလှောင်ရေးစီမံကိန်းသည် နိုင်ငံအဆင့် လက်ခံရေးအကဲဖြတ်စစ်ဆေးမှုကို ၂၀၂၁ ခုနှစ် အောက်တိုဘာလက ရရှိခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း ကုမ္ပဏီအနေဖြင့် ဆောင်းရာသီ၌ ယင်းစနစ်၏ အတွင်းပိုင်းသန့်ရှင်းရေးနှင့် ဆက်စပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကြန့်ကြာမှုကို ဖြေရှင်းနိုင်ခဲ့ပြီး ယမန်နှစ်နှစ်နှိုင်းယှဉ်ပါက ကီလိုဝပ်နာရီ ၁၉.၅ သန်း တိုးမြှင့်ထုတ် လုပ်နိုင်ခဲ့သည်ဟု အဆိုပါ စက်ရုံ၏ အထွေထွေမန်နေဂျာ Zhu Shengguo က ဆိုသည်။

ထိုစက်ရုံသည် လက်ရှိတွင် အချိန်နှင့်တစ်ပြေးညီ စွမ်းအင်ပြည့် လည်ပတ်လျက်ရှိပြီး အိမ်ထောင်စု ၃၀၀,၀၀၀ ၏ နေ့စဉ်ညနေပိုင်း လျှပ်စစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်း သိရသည်။

ထို့ပြင် ၎င်းစက်ရုံသည် ဒေသတွင်း ဂေဟဗေဒဆိုင်ရာ ရေရှည်တည်တံ့မှုနှင့် ပြန်လည်ထိန်းသိမ်းမှုအတွက် ဆိုလာနှင့် လေစွမ်းအင် အကာအကွယ်အဖြစ် အသုံးပြုလျက်ရှိသလို တည်ငြိမ်သော စွမ်းအင်ပံ့ပိုးမှုအဖြစ်လည်း ပံ့ပိုးပေးနိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China’s largest trough solar thermal power plant achieves record output
HOHHOT, April 11 (Xinhua) — China’s largest trough solar thermal power plant, located in the Inner Mongolia Autonomous Region, generated 330 million kilowatt-hours of electricity in the 12-month period ending on March 31 this year.
Designed and built by China Shipbuilding New Power Co. Ltd., the 100-megawatt solar thermal power generation and storage project in Urad Middle Banner passed a national acceptance examination in October 2021.
Zhu Shengguo, general manager of the power plant, said that in the first quarter of this year, the company solved a technical bottleneck concerning internal cleaning of the system in winter, when the power output increased by 19.5 million kilowatt-hours, compared with the same period last year.
The power station is currently working round-the-clock and at full capacity, and is capable of meeting the daily evening electricity demands of 300,000 households.
The power plant can provide stable power supply while also serving as a solar and wind shield for local ecological preservation and restoration.
Photo 1, 2: This photo taken on April 9, 2023 shows the 100-megawatt solar thermal power plant generating electricity in Urad Middle Banner, north China’s Inner Mongolia Autonomous Region. (Xinhua/Li Yunping)