Connect with us

Media

ဝေဖန်မှုများကြားမှ ဖိလစ်ပိုင် နှင့် အမေရိကန်တို့ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ပူးတွဲစစ်ရေးလေ့ကျင့်မှုက ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးထက် ဒေသတွင်း တင်းမာမှုကို အရှိန်မြင့်စေကြောင်း ဝေဖန်မှုများကြားမှ ဖိလစ်ပိုင် နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော်သည် ဖိလစ်ပိုင်နိုင်ငံ၌ ဆယ်စုနှစ်များအတွင်း အကျယ်ပြန့်ဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဧပြီ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Balikatan ဟု အမည်ပေးထားသည့် နှစ်စဉ်ပြုလုပ်သည့် ၁၈ ရက်ကြာ လေ့ကျင့်မှုတွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၅,၄၀၀ နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၂၀၀ ပါဝင်ကာ ဆယ်စုနှစ်များအတွင်း ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်-အမေရိကန် ပူးတွဲလေ့ကျင့်မှုများအနက် အကြီးဆုံးဖြစ်လာခဲ့သည်။

ယင်းလေ့ကျင့်မှုတွင် ဩစတြေးလျတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ဂျပန် ၊ ဗြိတိန် အပါအဝင် နိုင်ငံ ၁၂ နိုင်ငံက လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြကြောင်း သိရသည်။

Balikatan 2023 အား ဧပြီ ၁၁ ရက်မှ ၂၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Luzon ကျွန်း ၊ Palawan ပြည်နယ် ၊ Batanes ကျွန်းများ နှင့် Zambales ပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
Philippines, U.S. kick off largest-scale joint military drills amid criticisms

More than 17,000 Philippine and U.S. troops on Tuesday kicked off the most extensive joint military activities in decades in the Philippines amid criticisms that it escalates tension in the region rather than peace and stability.

According to the Philippine military, the 18-day yearly exercise dubbed Balikatan involves 5,400 Philippine and 12,200 U.S. troops, making it the largest iteration of the Philippines-U.S. joint drills conducted in decades. About 100 members of the Australian armed forces join in the exercises, while a dozen countries, including Japan and Britain, are participating as observers.

Balikatan 2023 will be held in several areas including northern Luzon island, Palawan province, Batanes islands, and Zambales province from April 11 to 28.
Xinhua News Agency correspondents reporting from Manila.
(XHTV)