Connect with us

Europe

ယူကရိန်းအတွက် စစ်ရေးအကူအညီများ ဆွေးနွေးရန် ယူကရိန်း ဝန်ကြီးချုပ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဆွေးနွေး

ပိုလန်နိုင်ငံ Medyka ကျေးရွာရှိ နယ်စပ်တွင် ယူကရိန်းပြည်သူများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Denys Shmyhal က နိုင်ငံအတွက် စစ်ရေးအကူအညီများ ရရှိရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ဆွေးနွေးခဲ့ကြောင်း ဧပြီ ၁၂ ရက်က ပြောကြားခဲ့သည်။

“ယူကရိန်းမြေတွေ လွတ်မြောက်ဖို့ နောက်ထပ် တန်ပြန်စစ်ဆင်ရေး အောင်မြင်ရန် ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက် အသေးစိတ်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်” ဟု အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော Shmyhal က တယ်လီဂရမ်ပေါ်၌ ရေးသားထားသည်။

အထူးသဖြင့် ယူကရိန်းနိုင်ငံက လေကြောင်းရန်ကာကွယ်ခြင်း၊ အကြီးစား အမြောက်နှင့် ကိရိယာ၊ လက်နက်ကြီးများနှင့် ခဲယမ်းမီးကျောက်များ လိုအပ်ခြင်းဖြစ်ကြောင်း Shmyhal က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသည် တာဝေးပစ်ဒုံးကျည်များ ပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Denys Shmyhal သည် စစ်ရေး၊ ဘဏ္ဍာရေးနှင့် ယူကရိန်းဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအကူအညီများအပြင် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများအတွက် ဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………………………
(English Version)
Ukrainian PM, U.S. defense secretary discuss military support for Kiev
KIEV, April 12 (Xinhua) — Ukrainian Prime Minister Denys Shmyhal said Wednesday he discussed military support for his country with U.S. Defense Secretary Lloyd Austin.
“We discussed in detail the urgent needs of Ukraine for the successful conduct of another counteroffensive operation to liberate Ukrainian lands,” Shmyhal, who is on a visit to the United States, wrote in a Telegram post.
In particular, Ukraine needs air defense, heavy artillery and equipment, mortars and ammunition for them, Shmyhal said.
Ukraine is also counting on the United States to provide it with longer-range missiles, he added.
Earlier in the day, Shmyhal arrived in the United States for a visit to discuss military, financial, and sanctions support for Ukraine, as well as investment and assistance for reconstruction.
Photo: People from Ukraine are seen at the border in Medyka, Poland, on Feb. 28, 2022. (Xinhua/Meng Dingbo)