Connect with us

China

တရုတ်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာ၌ရှိသည့် လေဆိပ် အရေအတွက် ကမ္ဘာ့ပထမဆုံးဖြစ်လာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Taxkorgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ Taxkorgan လေဆိပ်တွင် ပထမဆုံး လေယာဉ်ကို လေဆိပ် တာဝန်ရှိသူများက လမ်းညွှန်နေသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လက်ရှိ၌ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၅၂၄ အောက်မနည်းသော လေဆိပ်အရေအတွက် ၄၃ ခုရှိကာ ကမ္ဘာပေါ်၌ အများဆုံးဖြစ်ကြောင်း မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာန (CAAC) အရ သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Taxkorgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ Taxkorgan လေဆိပ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Taxkorgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် လေယာဉ်ဆိုက်ရောက်ပြီးနောက် Taxkorgan လေဆိပ်မှ ထွက်ခွာလာသော ခရီးသည်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းလေဆိပ်များအနက် လေဆိပ် ၂၃ ခုမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၄၃၈ မီတာ သို့မဟုတ် ယင်းထက်ပို၍မြင့်မားသောနေရာ၌ တည်ရှိပြီး လေဆိပ် ၂၀ ခုမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၅၂၄ မီတာနှင့် ၂,၄၃၈ မီတာကြား၌ တည်ရှိကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် နေရာများနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အေးခဲသောဒေသများတွင် တရုတ်နိုင်ငံ၏ လေဆိပ်တည်ဆောက်ရေးနည်းပညာသည် ၂၀၁၂ ခုနှစ်မှစ၍ ဖြည်းဖြည်းချင်း ပြီးပြည့်စုံလာခဲ့ကြောင်း CAAC က ဆိုသည်။

စီချွမ်းပြည်နယ်ရှိ ပင်လယ်ရေပြင်အထက် မီတာ ၄,၄၁၁ တွင် တည်ရှိသော Daocheng Yading လေဆိပ်သည် တရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အရပ်ဘက်သုံးလေဆိပ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China ranks 1st globally in number of high-altitude airports
BEIJING, April 13 (Xinhua) — China currently has 43 airports that are no less than 1,524 meters above sea level, the most in the world, according to the Civil Aviation Administration of China (CAAC).
Among them, 23 airports stand at altitudes of 2,438 meters or higher, while 20 airports are between 1,524 meters and 2,438 meters above sea level.
Since 2012, the country’s technology for building airports in high-altitude areas and high-latitude permafrost regions has gradually matured, according to the CAAC.
Located 4,411 meters above sea level, Daocheng Yading Airport in Sichuan Province is the highest civil airport in China and the world.
Photo 1: Airport marshallers direct the first flight at the Taxkorgan airport in Taxkorgan Tajik Autonomous County, northwest China’s Xinjiang Uygur Autonomous Region, Dec. 23, 2022. (Xinhua/Ding Lei)
Photo 2: This photo taken on Dec. 23, 2022 shows a view of the Taxkorgan airport in Taxkorgan Tajik Autonomous County, northwest China’s Xinjiang Uygur Autonomous Region. (Xinhua/Li Xiang)
Photo 3: Passengers get off the first flight at the Taxkorgan airport after arrival in Taxkorgan Tajik Autonomous County, northwest China’s Xinjiang Uygur Autonomous Region, Dec. 23, 2022. (Xinhua/Ding Lei)