Connect with us

China

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပြန်လည်တိုးတက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးဆိပ်ကမ်း ရှိ ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်အတွင်း တည်ငြိမ်စွာ စတင်လာခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်၌ စုစုပေါင်း ကုန်စည် သွင်းကုန်များနှင့် ပို့ကုန်များမှာ ယမန်နှစ်ကထက် ၄.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ ယခုနှစ် ပထမနှစ်လက ၀.၈ ရာခိုင်နှုန်း ကျဆင်းမှုကို ပြောင်းပြန်ဖြစ်လာစေခဲ့ကြောင်း ဧပြီ ၁၃ ရက် တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

လွန်ခဲ့သော သုံးလအတွင်း နိုင်ငံခြားကုန်သွယ်မှုမှာ တိုးတက်မှုရှိလာခဲ့သည်။ ဇန်နဝါရီလက နွေဦးပွဲတော် အားလပ်ရက်များကြောင့် ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဖေဖော်ဝါရီလတွင် ၈ ရာခိုင်နှုန်း၊ မတ်လ၌ ၁၅.၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့သည်။

ထို့ပြင် ပထမသုံးလပတ်အတွင်း ပို့ကုန်မှာ ယမန်နှစ်ကထက် ၈.၄ ရာခိုင်နှုန်း၊ ယွမ် ၅.၆၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၂၃ ဘီလီယံခန့်) တိုးတက်ခဲ့ပြီး သွင်းကုန်များမှာ ၀.၂ ရာခိုင်နှုန်း၊ ယွမ် ၄.၂၄ ထရီလီယံ မြင့်တက်ခဲ့ရာ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ယွမ် ၉.၈၉ ထရီလီယံ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် ၁၆.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

 

………………………………………………
(English Version)
China’s foreign trade returns to growth
BEIJING, April 13 (Xinhua) — China’s foreign trade got off to a steady start in 2023, as total goods imports and exports expanded 4.8 percent year on year in the first quarter, reversing a decline of 0.8 percent in the first two months of the year, official data showed Thursday.
Foreign trade has improved over the past three months. After dropping 7 percent year on year in January due to the Spring Festival holiday, it recovered to an expansion of 8 percent in February before surging 15.5 percent in March.
In the first three months, exports grew 8.4 percent year on year to 5.65 trillion yuan (about 823 billion U.S. dollars) while imports rose 0.2 percent to 4.24 trillion yuan, bringing the total trade to 9.89 trillion yuan.
During this period, the Association of Southeast Asian Nations (ASEAN) remained China’s largest trade partner. China’s trade with ASEAN countries rose 16.1 percent year on year.
Photo: This aerial photo taken on Feb. 25, 2023 shows the container terminal at Qinzhou Port in south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)