Connect with us

Economy

ထျန်းကျင်းမြို့တွင် ပထမသုံးလပတ်အတွင်း နယ်စပ်ဖြတ် ကျော် e-commerce သွင်းကုန်၊ ပို့ကုန် မြင့်တက်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ ထျန်းကျင်းဆိပ်ကမ်းရှိ ပစိဖိတ် နိုင်ငံတကာ ကွန်တိန်နာဆိပ်ကမ်း၌ ထရပ်ကားဖြင့် သယ်ယူလာသော ကွန်တိန်နာများကို ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းက ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း ဘက်စုံဝန်ဆောင်မှုပလက်ဖောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် e-commerce နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ ယွမ် ၂.၄ သန်း ကျော် (အမေရိကန်ဒေါ်လာ သန်း ၃၅၀ ခန့်) ရှိရာ ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ယင်းမြို့၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မရှင်အရ သိရသည်။အဆိုပါ ကာလအတွင်း ထျန်းကျင်းမြို့၏ တရားဝင် နယ်စပ်ဖြတ်ကျော် e-commerce ဘက်စုံဝန်ဆောင်မှုပလက်ဖောင်းမှတစ်ဆင့် ပို့ကုန်ရောင်းချမှုများမှ ယွမ် ၁.၅ ဘီလီယံ ကျော် ရှိခဲ့ပြီး ယခင်နှစ်ကထက် ၉.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကော်မရှင်က ဖြည့်စွက်ဖော်ပြခဲ့သည်။

ကော်မရှင်အနေဖြင့် တရုတ်နိုင်ငံ (ထျန်းကျင်း) နယ်စပ်ဖြတ်ကျော် e-commerce ဘက်စုံရှေ့ပြေးဇုန် တည်ဆောက်မှု ထပ်မံမြှင့်တင်ရေး၊ တီထွင်ဆန်းသစ်မှုရှိသော ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ချက်များနှင့် ပေါင်းစည်းထားသော စီးပွားရေးပုံစံများ ပိုမိုချဲ့ထွင်ရန်၊ သမားရိုးကျစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု ကုမ္ပဏီများရှိ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများကို နယ်စပ်ဖြတ်ကျော် e-commerce ကုန်သွယ်မှုတစ်ဆင့် ၎င်းတို့၏ ဈေးကွက်များကို ချဲ့ထွင်နိုင်ရေး ပံ့ပိုးကူညီရန် ဆောင်ရွက်သွားမည်ဟု ကတိပြုထားကြောင်း သိရသည်။ (Xinhua)

………………………………………………
Tianjin sees cross-border e-commerce imports, exports rise in Q1
TIANJIN, April 13 (Xinhua) — North China’s port city of Tianjin reported a total cross-border e-commerce foreign trade volume of over 2.4 billion yuan (about 350 million U.S. dollars) via its comprehensive service platform in the first three months of 2023, up 4 percent year on year, according to the municipal commission of commerce.
During the period, more than 1.5 billion yuan of export sales were declared via the city’s official cross-border e-commerce comprehensive service platform, an increase of 9.6 percent year on year, the commission added.
The commission has vowed to further promote the construction of the China (Tianjin) cross-border e-commerce comprehensive pilot zone, explore more innovative trade facilitation measures and integrated business models, and support more foreign trade enterprises in traditional industries and manufacturing companies looking to expand their markets via cross-border e-commerce trade.
Photo: Containers are transported by trucks at the Pacific international container terminal of Tianjin Port in north China’s Tianjin Municipality, April 11, 2023. (Xinhua/Zhao Zishuo)