Connect with us

Africa & Middle East

အစ္စရေးက Al-Aqsa ဗလီအား တိုက်ခိုက်ခဲ့မှုကို ဆန့်ကျင်သောအားဖြင့် ပါလက်စတိုင်းများက ဂါဇာတွင် int’l Quds Day အထိမ်းအမှတ်ပွဲ ပြုလုပ်

ဂါဇာစီးတီးတွင် ပြုလုပ်သော International Quds Day အထိမ်းအမှတ် ပါလက်စတိုင်းလူထုစုဝေးပွဲသို့ တက်ရောက်ခဲ့ကြသော ပါလက်စတိုင်းလူမျိုးများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အစ္စလာမ်ဘာသာဝင်များ၏ တတိယမြောက် အမြင့်မြတ်ဆုံးနေရာဖြစ်သော အရှေ့ဂျေရုဆလမ်ရှိ Al-Aqsa ဗလီဝင်းအတွင်း အစ္စရေးရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့မှုကို ဆန့်ကျင်ဆန္ဒပြခြင်းနှင့်အတူ ဂါဇာရှိ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းများက International Quds Day အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂါဇာစီးတီးတွင် ပြုလုပ်သော International Quds Day အထိမ်းအမှတ် ပါလက်စတိုင်းလူထုစုဝေးပွဲသို့ တက်ရောက်ခဲ့ကြသော ပါလက်စတိုင်းလူမျိုးများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်းအလံများ လွှင့်ထူကာ Al-Aqsa ဗလီဓာတ်ပုံကို ပြသလျက် ဆန္ဒပြသူများသည် ဝန်းရံခံထားရသောပါလက်စတိုင်းနယ်မြေတွင် စုဝေးခဲ့ပြီး ဂျေရုဆလမ်နှင့် ယင်းနေရာ၌ ပါလက်စတိုင်းဝတ်ပြုသူများကို ဆန့်ကျင်သော အစ္စရေး၏ ချိုးဖောက်မှုများအပေါ် ရှုတ်ချသည့် ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြသည်။

Quds Dayသည် ၁၉၇၉ ခုနှစ်တွင် အီရန်မှ အစပြုခဲ့သော ပါလက်စတိုင်းလိုလားသည့် အခမ်းအနားတစ်ခုဖြစ်ပြီး၊ ရမ်ဇာန်လမြတ်၏ နောက်ဆုံး သောကြာနေ့၌ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင်မူ ဧပြီ ၁၄ ရက်၌ ကျရောက်ကြောင်း သိရသည်။ (Xinhua)

…………………………………..
(English Version)
Palestinians mark int’l Quds Day in Gaza against Israel’s storming of Al-Aqsa Mosque
GAZA, April 15 (Xinhua) — Thousands of Palestinians in Gaza marked International Quds Day on Friday with protests against Israeli police raids into the Al-Aqsa Mosque compound in East Jerusalem, the third holiest site in Islam.
Raising Palestinian flags and displaying the image of the Al-Aqsa mosque, protestors grouped across the besieged Palestinian enclave and chanted slogans slamming “sraeli violations against Jerusalem and the Palestinian worshipers in the area.
Quds Day is a pro-Palestinian event initiated by Iran in 1979 and observed annually on the last Friday of the Muslim holy month of Ramadan, which falls on April 14 this year.
(1)(2) Palestinians attend a rally marking International Quds Day in Gaza City, on April 14, 2023. (Photo by Rizek Abdeljawad/Xinhua)