Connect with us

Asia

လေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပထမဆုံး ရေသဘင်ပွဲတော်

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ဆုန်ခရမ်ပွဲတော်မတိုင်မီ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ကမ္ဘာလှည့်ခရီးသွားများကို ရေပက်ဖျန်းကစားနေသော ဆင်အား ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ အချိန် သုံးနှစ်ကြာ တိတ်ဆိတ်နေခဲ့သော ဆုန်ခရမ် သို့မဟုတ် ရေသဘင်ပွဲတော်သည် ကမ္ဘာအနှံ့မှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက နာမည်အကျော်ကြားဆုံး အပြန်အလှန်ရေပက်ကစားခြင်း အပါအဝင် ထိုင်းရိုးရာနှစ်သစ်ကူး အခမ်းအနားပွဲများဖြင့် ပြန်လည်နိုးကြားလာသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ဆုန်ခရမ်ပွဲတော်မတိုင်မီ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ဆင်ကို ရေပက်ဖျန်းကစားနေသော ကမ္ဘာလှည့်ခရီးသွားများအား ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ထိုင်းနိုင်ငံသည် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အတွင်း လမ်းမများပေါ်တွင် ရေပြွတ်သေနတ်များနှင့် ရေပုံးများ ကိုင်ဆောင်ထားသူများဖြင့် ပြည့်လျက်ရှိကာ ဒေသခံများနှင့် ခရီးသွားဧည့်သည်များအတွက် ကြီးမားသော ကစားကွင်းအဖြစ် ပြောင်းလဲလာခဲ့သည်။

ဆုန်ခရမ်ပွဲတော် ပထမနေ့တွင် ဘန်ကောက်မြို့ရှိ နာမည်ကျော်Siam Square ဈေးဝယ်ခရိုင်၌ အထူးသဖြင့် တရုတ်လူမျိုးခရီးသွားဧည့်သည်အမြောက်အမြား လာရောက်ခဲ့သည်။

ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း တရုတ်ခရီးသွားဧည့်သည်များ ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာခဲ့ပြီး ဆုန်ခရမ်ပွဲတော်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များက ပျော်ရွှင်စွာဆင်နွှဲကာ ရေပက်ကစားရင်းဖြင့် အားလပ်ရက်များကုန်ဆုံးလေ့ရှိကြသည်။ (Xinhua)

………………………………………………

(English Version)
Young Chinese enjoy Thailand’s first water festival in 4 years
BANGKOK, April 15 (Xinhua) — After three years of a “dry” Songkran or water festival, Thailand has finally seen a complete revival of its traditional New Year celebration activities, including the most popular water fight enjoyed by tourists worldwide.
From Thursday through Saturday, Thailand transforms into a massive playground for both locals and visitors, as people flood the streets armed with water guns and buckets, soaking everyone in their path.
On the first day of Songkran, the famous shopping district of Siam Square in Bangkok was packed with people, including many Chinese tourists.
Thailand sees a significant increase in Chinese tourist arrivals this year, and the Songkran Festival adds cheerfulness to visitors and allows them to enjoy their holidays by indulging in lively water splashing activities.
Photo 1: An elephant sprays water on a tourist during a celebration for the upcoming Songkran Festival, in Ayutthaya, Thailand, April 11, 2023. (Xinhua/Rachen Sageamsak)
Photo 2: A tourist splashes water on elephants during a celebration for the upcoming Songkran Festival, in Ayutthaya, Thailand, April 11, 2023. (Xinhua/Rachen Sageamsak)