Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် ကြောက်မက်ဖွယ်စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ ၁၈၅ ဦးအထိရှိလာ

ဆူဒန်နိုင်ငံ မြို့တော် ခါတွမ်တွင် မီးခိုးများထွက်ပေါ်လာသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဆူဒန်စစ်တပ်နှင့် ဆူဒန်ရှိ Rapid Support Forces (RSF) ကြားဖြစ်ပွားသော ပဋိပက္ခများကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီ ၁၇ ရက်အထိ ၁၈၅ ဦးရှိလာခဲ့ပြီး ဒဏ်ရာရသူမှာလည်း ၁,၈၀၀ ရှိပြီဖြစ်ကြောင်း၊ ပဋိပက္ခအရှိန် လျော့ကျမည့်အရိပ်အယောင်မရှိကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခ၏ နောက်ဆုံးအခြေအနေဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး၌ ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ Integrated Transition Assistance Mission အကြီးအကဲ Volker Perthes က အနှစ်ချုပ်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆူဒန်နိုင်ငံ၌ ပဋိပက္ခဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု စတင်ရေး နှင့် စစ်ဖြစ်ပွားခြင်းအား ချက်ချင်းရပ်စဲရေးတို့အတွက် ဆူဒန် စစ်တပ် နှင့် Rapid Support တပ်ဖွဲ့တို့၏ ခေါင်းဆောင်များကို ဧပြီ ၁၇ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ သို့ရာတွင် နှစ်ဘက်က ဆွေးနွေးညှိနှိုင်းလိုသော ဆန္ဒ အရိပ်အယောင်မရှိကြောင်း ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံတမန်က ဆိုသည်။

“ပဋိပက္ခတွေက အထူးသဖြင့် မြို့ကလူတွေကို အစားအစာ၊ ရေ၊ ပညာရေး၊ လောင်စာဆီနဲ့ အိမ်ထောင်စုတွေအတွက် အခြားအရေးပါတဲ့ လုပ်ငန်းတွေကို ဟန့်တားနေပါတယ်” ဟု ကုလသမဂ္ဂ အရေးပေါ်အခြေအနေ လျော့ပါးရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဧပြီ ၁၇ ရက်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
With 185 killed, deadly military conflict in Sudan rages on
KHARTOUM, April 18 (Xinhua) — Clashes between the Sudanese Army and the paramilitary Rapid Support Forces (RSF) in Sudan have killed 185 people and wounded another 1,800 as of Monday, while showing no sign of abating.
Volker Perthes, head of the UN Integrated Transition Assistance Mission in Sudan, briefed the Security Council in a closed-door session on the latest situation of the conflict.
UN Secretary-General Antonio Guterres on Monday called on leaders of the Sudanese Armed Forces and the RSF to immediately cease hostilities and begin a dialogue to resolve the crisis. But the UN envoy to Sudan said the two sides showed no signs of being willing to negotiate.
“The clashes are preventing people, especially in cities, from accessing food, water, education, fuel and other critical services for their families,” UN Emergency Relief Coordinator Martin Griffiths said on Monday.
Photo: This photo taken on April 15, 2023 shows smoke rising in Khartoum, capital of Sudan. (Photo by Mohamed Khidir/Xinhua)