Connect with us

China

တရုတ်-လာအို ရထားလမ်း ခရီးသည်ခရီးစဉ်များမှာ ရက်ပေါင်း ၅၀၀ ကျော်အတွင်း ၁၄.၄၃ သန်း ရှိခဲ့

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ ထွက်ခွာလာသော ပထမဆုံး နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားတစ်စင်းက ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ တရုတ်-လာအို ရထားလမ်း၊ Ganlanba တံတားပေါ်၌ ပြေးဆွဲနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းကို စတင်လည်ပတ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှစ၍ ခရီးသည်ခရီးစဉ်ပေါင်း ၁၄.၄၃ သန်း ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်၏ ဧပြီ ၁၉ ရက် အချက်အလက်များအရ သိရသည်။
တရုတ်-လာအို ရထားလမ်း လည်ပတ်မှုမှာ ယခုနှစ် ဧပြီ ၁၈ ရက်တွင် ရက်ပေါင်း ၅၀၂ ရက်ရှိပြီဖြစ်သည်။ ယင်းကာလအတွင်း ရထားလမ်းမှတစ်ဆင့် ကုန်စည် တန်ချိန် စုစုပေါင်း ၁၈.၈၄ သန်း သယ်ယူပို့ဆောင်ခဲ့သည်။

တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ တင်ပို့သောကုန်စည်များမှာ အဓိကအားဖြင့် စက်ယန္တရားများနှင့် ကိရိယာများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိရိယာအစိတ်အပိုင်းများဖြစ်ပြီး လာအိုမှ တရုတ်သို့ တင်ပို့သောကုန်ပစ္စည်းများမှာ သတ္တုနှင့် ပီလောပီနံအမှုန့်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-Laos Railway passenger trips hit 14.43 mln in over 500 days
KUNMING, April 19 (Xinhua) — The China-Laos Railway has handled a total of 14.43 million passenger trips since it started operations on Dec. 3, 2021, data from the China State Railway Group Co., Ltd. showed Wednesday.
As of April 18 this year, the China-Laos Railway has been in operation for 502 days. During this period, cargo transported on the railway totaled 18.84 million tonnes.
The goods shipped from China to Laos mainly consist of machinery and equipment, household appliances, vegetables, flowers, mechanical parts, etc., while the goods shipped from Laos to China mainly include metal ore and cassava.
Photo: The first cross-border passenger train departing from the Lao capital Vientiane to Kunming, the capital of southwest China’s Yunnan Province, runs on the Ganlanba bridge of the China-Laos railway in Xishuangbanna Dai Autonomous Prefecture in Yunnan Province, April 13, 2023. (Xinhua/Shan Yuqi)