Connect with us

China

တရုတ်နိုင်ငံ မြစ်ဝါမြစ်ဝှမ်းရှိ အကြီးဆုံးရေချိုကန် ညစ်ညမ်းမှုကို ပြန်လည်သန့်စင်ပြီးနောက် ပြန်လည်ကောင်းမွန်အသက်ဝင်လာ

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Ulan Suhai Lake တွင် ငန်းတစ်ကောင်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြစ်ဝါမြစ်ဝှမ်းရှိ အကြီးဆုံးရေချိုကန်ဖြစ်သည့် Ulan Suhai Lake တွင် ငှက်များနှင့် မြင်ကွင်းများကို သရုပ်ဖော်ထားသည့် ကျူရိုးဖြင့်ဖန်တီးထားသော ပန်းချီကား ၂၀၀ ကျော်ကို နိုင်ငံအနှံ့ ပြသသည့် ပန်းချီပြပွဲတွင် ပြသထားသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဆိုပါ အနုပညာလက်ရာများကို ဖန်တီးသူများအနက်တစ်ဦးဖြစ်သော အသက် ၆၂ နှစ်အရွယ် Lian Junqiang က ၎င်းနှင့်အခြားသော အနုပညာရှင်ငါးဦးက ၂၀၁၉ ခုနှစ်တွင် ရေကန်ပတ်ဝန်းကျင်မှာ မြင်တွေ့ရသည့် ငှက်မျိုးစိတ်ပေါင်း ၂၆၅ မျိုးကို ပန်းချီရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို အမွေဆက်ခံသူအနေဖြင့် Lian က ကျေးလက်ရိုးရာအနုပညာကို အသုံးပြုပြီး စိမ့်မြေအရပ်၏ ၏ ဂေဟစနစ်ပြောင်းလဲမှုများကို မှတ်တမ်းတင်ရန် စိတ်အားထက်သန်ခဲ့သည်။
လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်စုခန့်က အဆိုပါရေကန်သည် နွေရာသီတွင် အဝါရောင်ရေညှိများ ဖုံးအုပ်ထားကာ ငါးအများအပြားသေဆုံးပြီး ငှက်များက အဝေးသို့ ပျံသန်းသွားခဲ့ကြောင်း Lian က ပြန်ပြောင်းပြောပြသည်။
ဓာတ်မြေသြဇာများဖြင့် ညစ်ညမ်းသော ဆည်မြောင်းရေနှင့် မိလ္လာအညစ်အကြေးများက ရေကိုအဓိက ညစ်ညမ်းစေသော အရာများဟု ယူဆကြသည်။
ယခုအချိန်တွင် မြစ်ဝါမြစ်၏ အလယ်ပိုင်း မြောက်ဘက်ကမ်းတွင် တည်ရှိသော Ulan Suhai Lake သည် ရွှေ့ပြောင်းငှက်များ၏ အဓိကကျက်စားရာ ပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်လာခဲ့သလို ဓာတ်ပုံဝါသနာရှင်များ စုဝေးရာနေရာလည်းဖြစ်လာခဲ့သည်။

“ရေကန်က ခရီးသွားတွေကို ပိုဆွဲဆောင်လာတာနဲ့အမျှ ဒေသတွင်း ယဉ်ကျေးမှု အထူးပြု ကျူပန်းချီတွေ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို ရောင်းချမှုကနေ ဒေသခံတောင်သူတွေကို ဝင်ငွေ တိုးလာစေတယ်”ဟု Lian ကပြောသည်။ (Xinhua)
……………………………..
(English Version)
Largest freshwater lake on Yellow River revived after pollution treatment
HOHHOT, April 22 (Xinhua) — More than 200 reed paintings depicting birds and scenes of Ulan Suhai Lake, the largest freshwater lake on the Yellow River basin, are featured in a nationwide itinerant art show.
Lian Junqiang, 62, one of the creators of these artworks in north China’s Inner Mongolia Autonomous Region, said he and five other artists painted 265 varieties of birds seen in the lake area in 2019.

As an inheritor of such intangible cultural heritage, Lian is keen to use the folk art to record the wetland’s ecological changes.

Lian recalled that two decades ago, yellow algae blanketed the lake in summer, resulting in the deaths of large amounts of fish and driving away birds.
In fact, fertilizer-polluted irrigation water and sewage were believed to be the main pollutants feeding into the lake.
Nowadays, Ulan Suhai Lake, located on the north bank of the middle reaches of the Yellow River, has resumed its natural function as a key habitat for migratory birds, and has also become a magnet for photographers.
“With the lake becoming more attractive to tourists, sales of artworks created by the local cultural specialty of reed painting will bring more income to local farmers,” said Lian. ■

Photo taken on Oct. 28, 2020 shows a swan at the Ulan Suhai Lake in north China’s Inner Mongolia Autonomous Region. (Xinhua/Lian Zhen)