Connect with us

Media

ဂျော်ဒန်နိုင်ငံတွင် အိဒ်ပွဲတော် ဆင်နွှဲနေသော အစ္စလာမ်ဘာသာဝင်များ

အမ်မမ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များသည် ရမ်ဇာန် ဥပုသ်လကုန်ဆုံးသော အထိမ်းအမှတ်အဖြစ် အိဒ်ပွဲတော် (Eid al-Fitr festival) စတင်ခြင်းအခမ်းအနား၌ ပါဝင်ဆင်နွှဲရန် ဧပြီ ၂၁ ရက် နံနက်ပိုင်းဝတ်ပြုဆုတောင်းနေကြသည်။

အစ္စလာမ်ဘာသာဝင် ဝတ်ပြုဆုတောင်းသူများသည် နိုင်ငံတစ်ဝန်း ဝတ်ပြုဆုတောင်းသူများအတွက် သတ်မှတ်ထားသော အများပြည်သူဆိုင်ရာ ရင်ပြင်များ၊ နေရာများ၌ စုဝေးခဲ့ကြသည်။ မြို့တော် အမ်မမ်ရှိ ဝတ်ပြုဆုတောင်းသောအဓိကနေရာများအနက် နေရာတစ်ခုတွင်လည်း ဝတ်ပြုဆုတောင်းသူ ထောင်ပေါင်းများစွာကို မြင်တွေ့ခဲ့ရသည်။
ဝတ်ပြုဆုတောင်းပြီးနောက် အိဒ်ပွဲတော်ဆင်နွှဲရန် စေတနာရှင်များက သကြားလုံးများနှင့် အအေးများ တိုက်ကျွေးခဲ့ကြသည်။ (Xinhua)

#Jordan #EidAl_FitrFestival #Ramadan #ဂျော်ဒန် #အိဒ်ပွဲတော် #ရမ်ဇာန်လ
……………………………………..

(English Version)
Muslims in Jordan celebrate Eid al-Fitr
Jordanian Muslims offered morning prayers on Friday to celebrate the beginning of the Eid al-Fitr festival, which marked the end of the holy fasting month of Ramadan.
Muslim worshippers flocked to public squares and areas designated by the Ministry of Awqaf across the kingdom to offer prayers. One of the main sites in the capital Amman witnessed thousands of worshippers.
After that prayer, people voluntarily distributed sweets and drinks to celebrate the festival.
Xinhua News Agency correspondents reporting from Amman.
(XHTV)