Connect with us

Asia

Shahabuddin Chuppu က ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်သမ္မတ Mohammed Shahabuddin Chuppu (ရှေ့တန်း၊ ဝဲဘက်) က ရာထူးမှထွက်ခွာသွားသော သမ္မတ Md Abdul Hamid (ရှေ့တန်း၊ ယာဘက်) နှင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ကနှုတ်ဆက်စဉ် (ဓာတ်ပုံ-- PID/Handout via Xinhua)

ဒါကာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၂ ယောက်မြောက်သမ္မတအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ကော်မရှင်နာဟောင်းနှင့် အငြိမ်းစားတရားသူကြီးဟောင်းတစ်ဦးဖြစ်သူ Mohammed Shahabuddin Chuppu က ဧပြီ ၂၄ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin Chaudhury က Shahabuddin ကျမ်းသစ္စာကျိန်ဆိုနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ဝန်ကြီးချုပ် Sheikh Hasina၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရာနှင့်ချီသောအထူးဧည့်သည်တော်များက သမ္မတအိမ်တော်ဖြစ်သော Bangabhaban ၏ သမိုင်းဝင် Durbar ခန်းမတွင် ကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ကြသည်။

တာဝန်သက်တမ်းကုန်ဆုံးမည့် တာဝန်ထမ်းဆောင်ဆဲသမ္မတ Md Abdul Hamid က လက်ရှိအာဏာရပါတီဖြစ်သော Bangladesh Awami League (AL) ပါတီ မှ ဖေဖော်ဝါရီ ၁၃ ရက်တွင် အသစ်ရွေးချယ်တင်မြှောက်ခြင်းခံရသောသမ္မတကို ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
Hamid၏ ဒုတိယနှင့် နောက်ဆုံးရာထူးသက်တမ်းသည် ဧပြီ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————
Shahabuddin Chuppu takes oath as Bangladeshi president
DHAKA, April 25 (Xinhua) — Mohammed Shahabuddin Chuppu, a retired judge and former commissioner of the Anti-Corruption Commission, took the oath as the 22nd president of Bangladesh Monday, with parliament speaker Shirin Sharmin Chaudhury administering the oath of office to Shahabuddin.
Prime Minister Sheikh Hasina, cabinet members and hundreds of distinguished guests attended the oath-taking ceremony, which was held in the historic Durbar Hall of the Bangabhaban, the presidential palace.
Outgoing president Md Abdul Hamid congratulated the newly elected president, the ruling Bangladesh Awami League (AL) party nominee who was elected unopposed on Feb. 13.
Hamid’s second and last tenure expires on Monday. ■
Bangladeshi President Mohammed Shahabuddin Chuppu (L, Front) is greeted by outgoing president Md Abdul Hamid (R, Front) in Dhaka, Bangladesh, on April 24, 2023. (PID/Handout via Xinhua)