Connect with us

China

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နိုင်ငံရပ်ခြားပြပွဲအဖြစ် လာအိုနိုင်ငံတွင် ကျင်းပ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပို့ကုန်ပြပွဲတို့၏ နိုင်ငံရပ်ခြားပြပွဲကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲက လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ သန့်စင်သောစွမ်းအင် တီထွင်ဆန်းသစ်မှုများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် အခြားပစ္စည်းများ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံများမှ ကုမ္ပဏီ ၁၈၃ ခုကို ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများရှိပြည်သူများကို အကျိုးကျေးဇူးရှိစေကြောင်း ဧပြီ ၂၄ ရက်၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Jiang Zaidong က ပြောကြားခဲ့သည်။

အဆိုပါပြပွဲသည် ကွမ်ရှီးဒေသအတွက် ၎င်းတို့၏ထုတ်ကုန်များအား လာအိုနိုင်ငံသို့ အရောင်းမြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း Jiang က ဆိုသည်။

ထိုပြပွဲသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၌ အရေးပါကြောင်း လာအိုနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Chansouk Sengphachanh က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
20th China-ASEAN Expo holds overseas exhibition in Laos
VIENTIANE, April 26 (Xinhua) — The overseas exhibition of the 20th China-ASEAN Expo (CAEXPO) and China’s Guangxi Zhuang Autonomous Region Export Fair, was held in Lao capital Vientiane from Monday to Wednesday.
The event has drawn 183 companies from China, Laos and Thailand to seek cooperation in electrical appliances, machinery, clean energy innovations and medical equipment, among others.
At the opening ceremony on Monday, Chinese Ambassador to Laos Jiang Zaidong said that Chinese modernization benefits the people in China and other countries.
The event is an opportunity for Guangxi to promote its products to Laos, Jiang said.
Noting the expo’s important role in cooperation on trade, investment and tourism, said Lao Deputy Minister of Industry and Commerce Chansouk Sengphachanh.
Photo: Photo taken on Nov. 27, 2020 shows Nanning International Convention and Exhibition Center in Nanning, south China’s Guangxi Zhuang Autonomous Region. The 17th China-ASEAN Expo and China-ASEAN Business and Investment Summit kicked off here on Friday. (Xinhua/Lu Boan)