Connect with us

China

တရုတ်နိုင်ငံ အဆင့်မြင့်သံတမန်နှင့် ပါကစ္စတန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံ

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Asim Munir တို့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇ ရက်ကတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ သည် ပါကစ္စတန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Asim Munir နှင့် ဧပြီ ၂၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

ပါကစ္စတန်တပ်မတော်သည် တရုတ်နှင့် ပါကစ္စတန်နိုင်ငံကြား သံမဏိချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို အခိုင်အမာ ထိန်းသိမ်းသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒများကို ခိုင်မာစွာ ကျင့်သုံးခဲ့သည့် ပါကစ္စတန်အစိုးရ အဆက်ဆက် နှင့် နိုင်ငံရေးပါတီအားလုံးကို တရုတ်နိုင်ငံက ချီးကျူးကြောင်း CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရာတွင် ပါကစ္စတန်အား ခိုင်မြဲစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ ရရှိစေရန်အတွက် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဝမ်ကဆိုသည်။

တရုတ်နိုင်ငံက COVID ကပ်ရောဂါလွန်ကာလတွင် ကဏ္ဍပေါင်းစုံ၌ ပါကစ္စတန်နိုင်ငံနှင့် အပြန်အလှန်ဖလှယ်မှုများ ပြန်လည်စတင်ရန် အဆင်သင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

နိုင်ငံတကာ အခြေအနေတွေ မည်သို့ပင်ပြောင်းလဲနေစေကာမူ ပါကစ္စတန်တပ်မတော်သည် တရုတ်နိုင်ငံ နှင့် အေးအတူပူအမျှ အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ပြီး ပါကစ္စတန်တပ်မတော်အနေဖြင့် ပါကစ္စတန်-တရုတ် ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ပါကစ္စတန်တပ်မတော်က အခိုင်အမာထောက်ခံကြောင်း Munir ကပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Senior Chinese diplomat meets Pakistani army chief
BEIJING, April 28 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met with Pakistani Chief of Army Staff Asim Munir here on Thursday.
The Pakistani military is a staunch defender of the ironclad friendship between China and Pakistan, said Wang, also a member of the Political Bureau of the CPC Central Committee, adding that China commends successive Pakistani administrations and all political parties for firmly pursuing friendly policies toward China.
China will continue to firmly support Pakistan in safeguarding its sovereignty, independence and territorial integrity, as well as in achieving unity, stability, development and prosperity, he said.
China is ready to restart exchanges with Pakistan in all aspects in the post-COVID era, Wang said.
Munir said Pakistan will always stand with China through thick and thin no matter how the international situation changes, and the Pakistani army firmly supports the further development of Pakistan-China relations. ■
Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Pakistani Chief of Army Staff Asim Munir in Beijing, capital of China, April 27, 2023. (Xinhua/Zhai Jianlan)