Connect with us

Asia

ဆမ်ဆောင်းအီလက်ထရွန်းနစ်လုပ်ငန်း၏ လည်ပတ်အမြတ်ငွေ ပထမသုံးလပတ်တွင် ၉၅.၅ ရာခိုင်နှုန်းကျဆင်း

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ Oxford လမ်းပေါ်ရှိ ဆမ်ဆောင်းအရောင်းဆိုင်တစ်ခုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ နည်းပညာလုပ်ငန်းစုကြီးဖြစ်တဲ့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က ၎င်း၏ semiconductor လုပ်ငန်းတွင် ကြီးမားသော အရှုံးပေါ်မှုကြောင့် ပထမသုံးလပတ်တွင် လုပ်ငန်းလည်ပတ်အမြတ်ငွေ ဂဏန်းနှစ်လုံး ကျဆင်းခဲ့ကြောင်း ကုမ္ပဏီက ဧပြီ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ရှိ ဆမ်ဆောင်းမိုဘိုင်းအရောင်းဆိုင်တစ်ခုရှေ့တွင် ဖြတ်သန်းသွားလာနေသူများ ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လုပ်ငန်းလည်ပတ်မှုအကျိုးအမြတ်စုစုပေါင်းသည် ဇန်နဝါရီလမှ မတ်လသုံးလပတ်တွင် ဝမ် ၆၄၀.၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၇၇.၉ သန်း) သို့ ၉၅.၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝမ် ၁ ထရီလီယံ (အမေရိဒေါ်လာ ၇၄၆.၃ သန်း) အောက်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ဝင်ငွေသည် ၁၈.၁ ရာခိုင်နှုန်း၊ ဝမ် ၆၃.၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၇.၆ ဘီလီယံ) သို့ ပြန်လည်ကျဆင်းခဲ့ပြီး ပထမသုံးလပတ်တွင် အသားတင်ဝင်ငွေ ၈၆.၁ ရာခိုင်နှုန်း ဝမ် ၁.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ) သို့ ကျဆင်းသွားသည်။

သေချာရေရာမှုမရှိသော ကမ္ဘာ့စီးပွားရေးအခြေအနေတွင် သုံးစွဲသူများ၏ ငွေကြေးအသုံးပြုမှု နှေးကွေးသွားခြင်းကြောင့် နဂိုရောင်းအားထက် ဂဏန်းနှစ်လုံး ကျဆင်းလာခြင်းဖြစ်ကြောင်း ဆမ်ဆောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆမ်ဆောင်း၏ chip ထုတ်လုပ်သည့် ပမာဏအနေဖြင့် ပထမသုံးလပတ်တွင် လုပ်ငန်းလည်ပတ်မှုငွေ ဝမ် ၄.၅၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ) ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Samsung Electronics’ operating profit drops 95.5 pct in Q1
SEOUL, April 28 (Xinhua) —
Samsung Electronics, South Korea’s tech giant, recorded a double-digit drop in operating profit in the first quarter due to a huge loss in its semiconductor business, the company said on Thursday.
Consolidated operating profit tumbled 95.5 percent over the year to 640.2 billion won (477.8 million U.S. dollars) in the January-March quarter, falling below 1 trillion won (746.3 million dollars) for the first time in 14 years.
Revenue retreated 18.1 percent to 63.75 trillion won (47.6 billion dollars), and net income plummeted 86.1 percent to 1.58 trillion won (1.2 billion dollars) in the first quarter.
The double-digit fall came as overall consumer spending slowed amid the uncertain global economic environment, Samsung said.
Samsung’s chip-making unit posted an operating loss of 4.58 trillion won (3.4 billion dollars) on revenue of 13.73 trillion won (10.2 billion dollars) in the first quarter.
(1) Photo taken on Nov. 13, 2021 shows the view of the Samsung store on Oxford Street in London, Britain. (Photo by Tim Ireland/Xinhua)
(2) Commuters walk in front of a Samsung mobile store in Kolkata, India, on July 10, 2018. (Xinhua/Tumpa Mondal)