Connect with us

Europe

အမေရိကန် စီးပွားရေးကျဆင်းမှု၏ ထင်ရှားသောအန္တရာယ်ကို မက္ကဆီကိုနိုင်ငံက ရင်ဆိုင်နေရ

မက္ကဆီကိုစီးတီး၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် အစောပိုင်းအထိ စီးပွားရေးကျဆင်းမှု၏ ထင်ရှားသောအန္တရာယ်ကို မက္ကဆီကိုနိုင်ငံက ရင်ဆိုင်နေရမည်ဖြစ်ကြောင်း Mexican Institute of Finance Executives (IMEF) က ဧပြီ ၃ ရက်၌ ပြောကြားခဲ့သည်။

 

IMEF ၏ဒုတိယဥက္ကဋ္ဌ Jessica Roldan ၏အဆိုအရ မက္ကဆီကိုနိုင်ငံ၏ စီးပွားရေးက ယခုနှစ်ပထမသုံးလပတ်အထိ “တိုးတက်မှုတချို့” ကို ဆက်လက်ပြသနေသော်လည်း ကဏ္ဍများအကြား ကွဲပြားမှုများရှိနေကြောင်း သိရသည်။

စီးပွားရေးလမ်းကြောင်းနှင့်ပတ်သက်ပြီး မသေချာမရေရာမှုများ တိုးလာနေပြီး၊ အထူးသဖြင့် မက္ကဆီကို၏ အဓိကစီးပွားရေးတွဲဖက်လုပ်ကိုင်သော အမေရိကန်နိုင်ငံနှင့် ပတ်သက်သော တက်ရိပ်၊ ကျရိပ် စွန့်စားရမှုများမှာ ပိုမိုပြင်းထန်လာသည်ဟု ၎င်းကဆိုသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းအမျိုးမျိုး၏ တိုးတက်မှုဆိုင်ရာ အညွှန်းကိန်းများသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အနည်းငယ်တိုးလာပြီး ဝန်ဆောင်မှုများတွင် ယေဘုယျပြန်လည်ကောင်းမွန်လာကြောင်း IMEF မှ ဖော်ပြခဲ့သည်။
မက္ကဆီကို၏စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်လင့်ထားကြောင်းပုဂ္ဂလိကအင်စတီကျု၏အဆိုအရသိရသည်။ (Xinhua)

………………………………..
(English Version)
Mexican economy faces “accentuated risk” of deep U.S. contraction
MEXICO CITY, April 3 (Xinhua) — Mexico’s economy faces the “accentuated risk” of a drastic economic contraction in the United States by the end of 2023 or early 2024, the Mexican Institute of Finance Executives (IMEF) said on Monday.
According to Jessica Roldan, vice president of the IMEF, the Mexican economy continued to exhibit “certain dynamism” through the first quarter of the year, but with differences between sectors.
Uncertainty about the economic trajectory has increased, with both upward and downward risks becoming more acute, especially with regard to the United States, Mexico’s main business partner, she said.
Advance indicators of economic activity in various developed countries have shown slight increments in the manufacturing sector and a general rebound in services, according to the IMEF.
Mexico’s economy is currently expected to see growth of 1.8 percent in 2023, according to the private institute. ■