Connect with us

Media

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စုမှ ပြောင်းရွှေ့နေထိုင်ကြသည့် လူဦးရေ၏ ၃၇ ရာခိုင်နှုန်းက PTSD ရောဂါရှိနိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြ

တိုကျို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု၌ ၂၀၁၁ ခုနှစ် မတ်လက နျူကလီးယားဘေးအန္တရာယ် တွေ့ကြုံခဲ့ရပြီးနောက် စီရင်စုပြင်ပသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ဒေသခံများကို ကောက်ယူခဲ့သည့် စစ်တမ်းကို ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းနီးပါးတွင် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ (PTSD) ခံစားရနိုင်ကြောင်း ဒေသတွင်းမီဒီယာက ဧပြီ ၃ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယားဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ဖူကူရှီးမားစီရင်စုမှ ထွက်ပြေးလာခဲ့သည့် တိုကျိုမြို့အနီး Kanto ဒေသတွင် အဓိကနေထိုင်ကြသည့် အိမ်ထောင်စု ၅,၃၅၀ စုအား Waseda တက္ကသိုလ် နှင့် ဂျပန်နိုင်ငံသားအဖွဲ့တစ်ဖွဲ့က စစ်တမ်းမေးခွန်းလွှာများ ပေးပို့ခဲ့ပြီး အိမ်ထောင်စု ၅၁၆ စုမှ တုံ့ပြန်မှုများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းရလဒ်များတွင် အန္တရာယ်ရှိရာအရပ်ကို စွန့်ခွာထွက်ပြေးလာသူ ၃၇.၀ ရာခိုင်နှုန်းသည် စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ (PTSD) ရှိကြောင်း ညွှန်ပြခဲ့သည်ဟု သိရသည်။ (Xinhua)

………………………………….
(English Version0
37 pct of population displaced from Japan’s Fukushima may have PTSD: survey
A survey of Fukushima Prefecture residents who evacuated to areas outside the prefecture following the March 2011 nuclear disaster found that nearly 40 percent of respondents may be suffering from post-traumatic stress disorder (PTSD), local media reported Monday.
Waseda University and a citizens group sent questionnaires to 5,350 households mainly in the Kanto region around Tokyo who had fled from Fukushima following the nuclear disaster, and obtained responses from 516.
The results indicated that 37.0 percent of the evacuees had PTSD.
Xinhua News Agency correspondents reporting from Tokyo.
(XHTV)