Connect with us

Asia

ဟွာဝေးက တောင်အာရှရှိ ICT ဝါသနာရှင် ၅၀,၀၀၀ ဦးကို စွမ်းရည်မြှင့်တင်ပေးရန် စီစဉ်ထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပပြုလုပ်သော "Smartphone & Tab Expo 2022" အတွင်း ခင်းကျင်းပြသထားသောလက်ကိုင်ဖုန်းများကို ကြည့်ရှုနေကြသည့်သူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက တောင်အာရှရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဝါသနာရှင် ၅၀,၀၀၀ဦး ကို လာမည့်ငါးနှစ်အတွင်း စွမ်းရည်မြှင့်တင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစီမံကိန်းအရ ICT သင်တန်းကျောင်းများတည်ဆောက်ခြင်း၊ မတူညီသော ICT နှင့် startup ပြိုင်ပွဲများ၊ အွန်လိုင်းသင်တန်းစာရင်းပေးသွင်းခြင်းနှင့် ဝန်ထမ်းအသစ်ခန့်အပ်ခြင်းစသည့် အစီအစဉ်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော်ရှိ တောင်အာရှ ကိုယ်စားလှယ်ရုံး၌ ဧပြီ ၃ ရက်က ကျင်းပသော “တောင်အာရှတွင် စမတ်စွမ်းရည်ရှိသော ဂေဟစနစ်ကို တည်ဆောက်ခြင်း”ဆိုသည့်ပွဲတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ သတင်းထောက်များနှင့် တောင်အာရှနိုင်ငံများရှိ ဟွာဝေးလုပ်ငန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဟွာဝေးက၂၀၂၂ ခုနှစ်တွင် တောင်အာရှ၌ ICT ဝါသနာရှင် ၆,၀၀၀ကျော် ကိုမွေးထုတ်ပေးခဲ့သည်။
“လက်ရှိ၌ ကုမ္ပဏီက လာမည့်ငါးနှစ်အတွင်း ICT ဝါသနာရှင်အသစ် ၅၀,၀၀၀ ဦး ကို စွမ်းရည်မြှင့်တင်ပေးရန် အစီအစဉ်ရှိကြောင်း”ဟွာဝေးကုမ္ပဏီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ (Xinhua)

…………………………….
(English Version)
Huawei plans to develop 50,000 ICT talents in South Asia
DHAKA, April 5 (Xinhua) — China’s telecommunication giant Huawei plans to develop 50,000 information and communication technology (ICT) talents in South Asia in the next five years.
The strategy will include various programs like building ICT academies, different ICT and startup competitions, online course enrollment and fresh employee recruitment.
The announcement was made at the “Building a Smart Talent Ecosystem, In South Asia, For South Asia” held at its South Asia representative office in the Bangladesh capital on Monday.
The event has been attended by journalists and Huawei officials from Huawei South Asia countries.
Huawei has developed more than 6,000 ICT talents last year in South Asia. “And now this company has the plan to develop 50,000 new ICT talents in the next five years,” the Chinese company said in a statement. ■

Visitors view smartphones on display during the “Smartphone & Tab Expo 2022” in Dhaka, Bangladesh on Jan. 6, 2022. (Xinhua)