Connect with us

China

တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ တို့ ပေကျင်းမြို့၌ တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် က ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နှင့် တရုတ်နိုင်ငံမြို့တော်ပေကျင်း ရှိ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက်ကတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyenတို့ ပေကျင်းမြို့တွင် ဧပြီ ၆ ရက်ကတွေ့ဆုံခဲ့ကြောင်း သိရသည်။

လီက တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) နှင့် ၎င်း၏ ဆက်ဆံရေးကို မဟာဗျူဟာမြောက်နှင့် ကာလရှည်ရှုထောင့်မှ အမြဲတမ်း ရှုမြင်ထားပြီး၊ ဥရောပတစ်သားတည်းဖြစ်ရေးနှင့် မဟာဗျူဟာမြောက်သီးခြားရပ်တည်မှုကို ထောက်ခံလျက်ရှိကြောင်းနှင့် ဥရောပသမဂ္ဂက နိုင်ငံတကာရေးရာများတွင် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုကိုလည်း ထောက်ခံကြောင်း လီက ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးသည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ဆောင်ရွက်ရန်၊ အပြန်အလှန်လေးစားမှုနှင့် နှစ်ဘက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်၊ တည်ငြိမ်ပြီး ခိုင်မာသော တရုတ်-ဥရောပသမဂ္ဂဆက်ဆံရေး တိုးတက်မှုကို မြှင့်တင်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ယုံကြည်မှုနှင့် တွန်းအားများကို ပိုမို ဖြည့်တင်းသွားမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
Chinese premier meets European Commission president in Beijing
BEIJING, April 6 (Xinhua) — Chinese Premier Li Qiang met with European Commission President Ursula von der Leyen in Beijing on Thursday.
Li said China has always viewed and developed its relations with the European Union (EU) from a strategic and long-term perspective, supported European integration and strategic independence, and supported the EU in playing an active role in international affairs.
The two sides should remain committed to a comprehensive strategic partnership, uphold mutual respect and win-win cooperation, promote the sound and steady growth of China-EU relations, and inject more confidence and impetus into world peace and prosperity, Li said.
Chinese Premier Li Qiang meets with European Commission President Ursula von der Leyen at the Great Hall of the People in Beijing, capital of China, April 6, 2023. (Xinhua/Pang Xinglei)