Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတတို့ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-အီးယူ ဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်း ကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်ဝင်းတံခါးအပြင်ဘက် ရင်ပြင်၌ ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်ဝင်းတံခါးအပြင်ဘက် ရင်ပြင်၌ ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်တို့အား ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် မြို့တော် ပေကျင်းတွင် ဧပြီ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ တရုတ်နှင့် ဥရောပသမဂ္ဂကြား ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရေးအတွက် ပူးတွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ လယ်ယာထွက်စားသောက်ကုန်များ၊ အာကာသ၊ လေကြောင်းနှင့် မြို့ပြ နျူကလီးယားစွမ်းအင် စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းမှုရှိစေရေး၊ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု စသည်တို့ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များကို တွန်းအားပေးရေးနှင့် ကာဗွန် ကင်းစင်ရေးစင်တာ ပူးတွဲတည်ထောင်ရေးနှင့် အရည်အချင်းရှိသူများကို ပူးတွဲပျိုးထောင်ရေးတို့အား ထောက်ခံအားပေးရေး စသည်တို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီက ယူကရိန်းအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အပြောင်းအလဲမရှိ ရှင်းရှင်းလင်းလင်းရှိကြောင်း ရှီက အလေးထားပြောခဲ့သည်။ အဆိုပါ ကိစ္စရပ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် နိုင်ငံရေးအရ အဖြေရှာမှုက မရှိမဖြစ်အရေးပါကြောင်း ရှီကဆိုသည်။ (Xinhua)

……………………………….
(English Version)
Xi holds talks with French president on cooperation, China-EU relations, Ukraine crisis
BEIJING, April 6 (Xinhua) — Chinese President Xi Jinping held talks with French President Emmanuel Macron in Beijing on Thursday, calling on both sides to enhance cooperation, promote relations between China and the European Union, and work jointly for a political settlement of the Ukraine crisis.
China will work with France to deepen cooperation in such fields as agrifood, space, aviation, and civil nuclear energy, foster new cooperation areas including trade in services, green development, and innovation in science and technology, and support the joint development of a carbon neutrality center and joint cultivation of talents, he said.
Xi stressed that China’s position on the Ukraine issue is consistent and clear. It is essentially about facilitating peace talks and political settlement.
Photo 1, 2: Chinese President Xi Jinping holds a welcoming ceremony for French President Emmanuel Macron at the square outside the east gate of the Great Hall of the People prior to their talks in Beijing, capital of China, April 6, 2023. (Xinhua/Xie Huanchi)
Photo 3: Chinese President Xi Jinping and French President Emmanuel Macron jointly meet the Chinese and foreign press after their talks at the Great Hall of the People in Beijing, capital of China, April 6, 2023. (Xinhua/Xie Huanchi)