Connect with us

China

တရုတ်နိုင်ငံ၏ AC332 ရဟတ်ယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှု အပြည့်အဝ အောင်မြင်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ China (AVIC) Tianjin Helicopter Co., Ltd. လေယာဉ်ရပ်နားကွင်းတွင် အင်ဂျင်နှစ်လုံးတပ် မြို့ပြရဟတ်ယာဉ် AC332 ကို ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထျန်းကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်ဂျင်နှစ်လုံးတပ် မြို့ပြရဟတ်ယာဉ် AC332 ကို ဧပြီ ၇ ရက်တွင် ပထမဆုံးကြိမ်ပျံသန်းခဲ့ရာ အပြည့်အဝ အောင်မြင်ခဲ့ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း(AVIC)က ကြေညာခဲ့သည်။

အလေးချိန် ၄ တန် ရှိသော ဘက်စုံသုံး ရဟတ်ယာဉ်သည် ယင်းနေ့တွင် ၎င်း၏ပျံသန်းရေးအော်ပရေတာ၏ ပထမဆုံးအမှာစာ ရဟတ်ယာဉ် ၂၄ စင်း ရရှိခဲ့ကြောင်း တရုတ်ထိပ်တန်း လေယာဉ်ထုတ်လုပ်သူ AVICက ပြောကြားခဲ့သည်။

AC332 ရဟတ်ယာဉ်သည် ပျံတက်မှုတွင် အများဆုံး အလေးချိန် ၃,၈၅၀ ကီလိုဂရမ် တင်ဆောင်နိုင်ပြီး ခရီးသည်အများဆုံး ၁၀ ဦးအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။ ယင်းရဟတ်ယာဉ်၏ အမြင့်ဆုံး ပျံသန်းမှုနှုန်းမှာ တစ်နာရီလျှင် ၂၆၀ ကီလိုမီတာ ရှိပြီး အများဆုံး ခရီးအကွာဝေး ၆၉၃ ကီလိုမီတာအထိ ပျံသန်းနိုင်သည်။

ရဟတ်ယာဉ်၏ စွမ်းဆောင်နိုင်စွမ်း တိုးမြင့်လာခြင်း၊ လည်ပတ်မှုကုန်ကျစရိတ်နည်းခြင်း၊ ဖွဲ့စည်းမှုပုံစံအမျိုးမျိုးရှိခြင်းကြောင့် လည်ပတ်မှုပုံစံအမျိုးမျိုး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။

မီတာ ၄,၅၀၀ အမြင့်တွင် စတင် ပျံသန်းနိုင်ပြီး အမြင့်ဆုံး မီတာ ၆,၀၀၀ အထိ ပျံသန်းနိုင်ခြင်းကြောင့် ကုန်းပြင်မြင့် ဝေဟင်သယ်ယူပို့ဆောင်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ဆေးကုသရေးစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းများတွင် တရုတ်လေယာဉ်ထုတ်လုပ်သူ AVIC က ထျန်းကျင်းမြို့တွင် AC312E အပါအဝင် မြို့ပြသုံးရဟတ်ယာဉ် ထုတ်လုပ်ရေးလိုင်းများ တည်ဆောက်ခဲ့ရာ မြို့ပြရဟတ်ယာဉ် သုတေသနနှင့်ထုတ်လုပ်မှု ပေါင်းစပ်ပလက်ဖောင်းတစ်ခုကို ပဏာမ တည်ဆောက်ခဲ့သည်။

AC332 ရဟတ်ယာဉ်သည် ၂၀၂၅ ခုနှစ်တွင် ယင်းအမျိုးအစားအသိအမှတ်ပြုလက်မှတ်ရရှိမည်ဟု မျှော်မှန်းထားကြောင်း လေယာဉ်ထုတ်လုပ်သူက ဆိုသည်။ (Xinhua)

……………………………………….
(English Version)
China’s AC332 helicopter makes first full-state flight
TIANJIN, April 8 (Xinhua) — China’s AC332 twin-engine civil helicopter successfully conducted its first full-state flight here on Friday, announced its developer, the Aviation Industry Corporation of China (AVIC).
The 4-tonne multipurpose helicopter received its first batch of 24 orders from its launch operators on the same day, said the AVIC, the country’s leading planemaker.
With a maximum takeoff weight of 3,850 kilograms, the AC332 can carry up to 10 passengers. It has a maximum cruise speed of 260 kilometers per hour and a maximum flight range of 693 kilometers, said the developer.
The helicopter has an improved performance and lower operating costs, and has various configurations that can meet diversified operation requirements.
It is capable of taking off at an altitude of 4,500 meters with a ceiling of 6,000 meters, meeting the needs of air transport, search and rescue, and medical aid in plateau areas, said the AVIC.
The Chinese planemaker has built production lines for civil helicopters, including the AC312E, in Tianjin in recent years. It has preliminarily built an integrated platform for the research and development of civil helicopters in the city.
The planemaker noted that the AC332 helicopter is expected to obtain its type certificate in 2025.
1. An AC332 twin-engine civil helicopter is seen on the apron of the Aviation Industry Corporation of China (AVIC) Tianjin Helicopter Co., Ltd. in north China’s Tianjin, April 7, 2023. (Xinhua/Sun Fanyue)