Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ Pine Garden တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ လက်ဖက်ရည်သောက်လျက် ရှေးဟောင်းနှောင်းဖြစ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုး၌ ဧပြီ ၇ ရက်က အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက ကွမ်ကျိုးမြို့သို့ လာရောက်လည်ပတ်သော မက်ခရွန်၏ ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခေါင်းဆောင်နှစ်ဦးတို့သည် ပိုင်ယွင်တောင်အနီးရှိ Pine Garden တစ်လျှောက် အပန်းဖြေလမ်းလျှောက်ကာ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဥယျာဉ်၏ တစ်မူထူးခြားသော ရှုမျှော်ခင်းကို ကြည့်ရှုခဲ့ကြသည်။ ၎င်းတို့သည် ရေပြင်နံဘေး လက်ဖက်ရည်သောက်ရင်း ရှုခင်းများကို ကြည့်ရှုခံစားလျက် ရှေးဟောင်းနှောင်းဖြစ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရှီနှင့် မက်ခရွန်တို့သည် ပိုင်ယွင်ခန်းမ၌ “High Mountain and Flowing Water” သံစဉ်အား Guqin တူရိယာဖြင့် တီးခတ်မှုကို နားဆင်ခဲ့ကြသည်။ ထို့နောက် ရှီက မက်ခရွန်ကို ညစာသုံးဆောင်ရန် ဖိတ်ကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝယုံကြည်မှုရှိပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ တရုတ် ပို့ကုန် သွင်းကုန်ပြပွဲ၊ တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲနှင့် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲမှာ တက်ကြွစွာဆက်လက်ပါဝင်ပြီး တရုတ်ဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ရှီက မက်ခရွန်ကို ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi, Macron hold informal meeting in China

GUANGZHOU, April 7 (Xinhua) — Chinese President Xi Jinping held an informal meeting with French President Emmanuel Macron on Friday in Guangzhou, the capital of Guangdong Province in south China.
Xi warmly welcomed Macron’s visit to Guangzhou, expressing great pleasure to meet him again. The two leaders strolled through the Pine Garden close to Baiyun Mountain, chatting and stopping at times to enjoy the unique scenery of the southern Chinese garden. They had tea by the water, enjoying the view and discussing the past and present. Xi and Macron listened to the Guqin melody “High Mountain and Flowing Water” at Baiyun Hall. Xi then invited Macron to dinner.
“We have full confidence in China’s future development. We welcome France to continue to actively participate in the China Import and Export Fair, the China International Import Expo, and the China International Fair for Trade in Services to further expand the Chinese market,” Xi told Macron.
Photo 1: Chinese President Xi Jinping and French President Emmanuel Macron have tea by the water, enjoying the view and discussing the past and present, at the Pine Garden in Guangzhou, south China’s Guangdong Province, April 7, 2023. (Xinhua/Huang Jingwen)