Connect with us

China

တရုတ်နိုင်ငံရှိ တောတောင်ထူထပ်သော ကွေ့ကျိုးပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို စစ်ဆေးရန် စက်ရုပ်များကို အသုံးပြု

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့တွင် စက်ရုပ်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားခွဲရုံကို စစ်ဆေးနေသော China Southern Power Grid ၏ ကွေ့ကျိုးရုံးခွဲ ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တောတောင်ထူထပ်သောဒေသများရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ရုပ်များကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ၁၀ ခုတွင် စက်ရုပ် ၁၃ ရုပ်ကို တာဝန်ထားပြီး အလိုအလျောက်ကင်းလှည့်စစ်ဆေးခြင်းတာဝန်များ ဆောင်ရွက်နိုင်ကြောင်း China Southern Power Grid ၏ ကွေ့ကျိုးရုံးခွဲအရ သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့တွင် စက်ရုပ်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားခွဲရုံကို စစ်ဆေးနေသော China Southern Power Grid ၏ ကွေ့ကျိုးရုံးခွဲ ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“စက်ရုပ်တွေက တစ်ပတ်မှာ လူရဲ့ ကြားဝင်ဆောင်ရွက်မှုမရှိဘဲ လျှပ်စစ်ဓာတ်အားပေးရုံမှာရှိတဲ့ နေရာ ၃,၈၀၀ ကို လှည့်လည်စစ်ဆေးနိုင်ပြီး တိကျမှန်ကန်မှုကလည်း ၁၀၀ ရာခိုင်နှုန်းရှိပါတယ်” ဟု ထုန်ရန်မြို့ရှိ ထိုက်ဖိန်လျှပ်စစ်ဓာတ်အားခွဲရုံ အကြီးအကဲ Zhou Jingyu က ပြောခဲ့သည်။

တိကျမှုမြင့်မားပြီး ရုပ်ထွက်မြင့်မားသော အာရုံခံစနစ်များတပ်ဆင်ထားသည့် အဆိုပါ စက်ရုပ်များသည် လူသားစစ်ဆေးသူများက အချိန် ၁၂ နာရီကြာ ပြုလုပ်ရသော လုပ်ငန်းတာဝန်များကို အချိန် မိနစ် ၅၀ အတွင်း လှည့်လည်စစ်ဆေးဆောင်ရွက်နိုင်ကြောင်း Zhou က ဆိုသည်။ (Xinhua)

………………………………
(English Version)
Robots inspect power facilities in mountainous Chinese province
GUIYANG, May 18 (Xinhua) — Southwest China’s Guizhou Province has started using robots to conduct routine inspections at its power substations in remote mountainous areas.
So far, 13 robots have been deployed to 10 power substations in the city of Tongren, where they can conduct automatic inspection patrols, according to the Guizhou branch of the China Southern Power Grid.
“Once per week, they can patrol and check 3,800 points at the station without human intervention, at an accuracy rate of 100 percent,” said Zhou Jingyu, head of the Taiping Power Substation in Tongren.
Equipped with high-precision sensors and high-definition cameras, the robots can complete a routine patrol in 50 minutes, compared with 12 hours by human inspectors, who must spend another 40 minutes traveling to the substation, Zhou said.
Photo 1, 2: Staff members of the Guizhou branch of the China Southern Power Grid use a robot to conduct inspections at a power substation in Tongren, southwest China’s Guizhou Province, Feb. 22, 2023. (Photo by Tian Jie/Xinhua)