Connect with us

China

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှု ပထမလေးလအတွင်း တိုးတက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ Tuanjie Village Central Railway ဘူတာရုံတွင် တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းကို ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုများသည် သယ်ယူပို့ဆောင်ရေး စွမ်းဆောင်မှုနှင့် ထိရောက်မှုက စဉ်ဆက်မပြတ် မြင့်တက်လာကာ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ခိုင်မာသော တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။

တရုတ်-ဥရောပကုန်တင်ရထားဝန်ဆောင်မှု အရေအတွက်မှာလည်း ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း ခရီးစဉ် ၅,၆၁၁ ခု ရှိခဲ့ရာ ယမန်နှစ်အလားတူကာလထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ ရထားလုပ်ငန်းကုမ္ပဏီလီမိတက်က မေ ၂၀ ရက်၌ ပြောခဲ့သည်။

ထို့ပြင် ကုန်စည် TEU ၆၀၉,၀၀၀ ခန့်ကိုလည်း ယင်းကာလအတွင်း ကုန်တင်ရထားများမှတစ်ဆင့် သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

ဧပြီလ တစ်လတည်းတွင်ပင် တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ် အရေအတွက်မှာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ကုန်စည် ၁၆၀,၀၀၀ TEU ခန့် ပို့ဆောင်ပေးနိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၄၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။ (Xinhua)

………………………………
(English Version)
China-Europe freight train services expand in first four months
BEIJING, May 20 (Xinhua) — China-Europe freight train services saw solid growth from January to April this year, with the transport capacity and efficiency continuously rising.
The number of China-Europe freight train services increased by 17 percent year on year to 5,611 trips in the first four months of 2023, according to the China State Railway Group Co., Ltd on Saturday.
About 609,000 20-foot equivalent units (TEU) of goods were transported via the freight trains during this period, up 32 percent from a year ago, the company said.
In April alone, the number of China-Europe freight train trips surged 25 percent year on year to 1,459. The trains transported about 160,000 TEU of goods, representing an increase of 45 percent from a year ago.
Photo: A cargo train marking the 10,000th trip made by China-Europe freight trains operated by the China-Europe Railway Express (Chongqing), waits for departure at Tuanjie Village Central Railway Station in Chongqing, southwest China, June 23, 2022. (Photo by He Jianchi/Xinhua)