Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတတို့တွေ့ဆုံ

တရုတ်ဝန်ကြီးချုပ် လီချန်က တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးအတွက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ဖြင့်ရောက်ရှိနေသော ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း၊ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov တို့ မေ ၁၉ ရက် က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များက အိမ်နီးချင်းကောင်းပီသစွာ အတူဖွံ့ဖြိုးတိုးတက်မှုရှိသော တရုတ်-ကာဂျစ္စတန် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရေး ပူးတွဲကြေညာခဲ့သည်ကို မှတ်ချက်ပြုလျက် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို တိကျသေချာစွာ အကောင်အထည်ဖော်ရန်၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်၊ နှစ်နိုင်ငံ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် တရုတ်-အလယ်အာရှ သယ်ယူပို့ဆောင်ရေးစင်္ကြံကဲ့သို့ အပြန်အလှန်ချိတ်ဆက်မှုတည်ဆောက်ရေးကို မြှင့်တင်ရန်၊ အစိမ်းရောင်စွမ်းအင်နှင့် နယ်စပ်ဖြတ်ကျော် e-commerce အပါအဝင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအချက်အသစ်များကို မြှင့်တင်ရန်နှင့် ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာနှင့် အခြားနယ်ပယ်များအကြား နှစ်နိုင်ငံပြည်သူများအချင်းချင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့ကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ကြရန် လီက တိုက်တွန်းပြောကြားခဲ့သည်။

နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် လုံခြုံရေးအတားအဆီးကို ပိုမိုခိုင်မာစေရန် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း လီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည့်အတွက် တရုတ်နိုင်ငံအား ဂုဏ်ယူကြောင်း၊ အဆိုပါ ယန္တရားသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း Japarov က ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(English Version)
Chinese premier meets Kyrgyz president
BEIJING, May 19 (Xinhua) — Chinese Premier Li Qiang met with Kyrgyz President Sadyr Japarov in Beijing on Friday.
Noting that the two countries’ leaders have jointly announced the building of a China-Kyrgyzstan community with a shared future of good neighborliness and shared prosperity, Li said China is ready to work with Kyrgyzstan to faithfully implement the important consensus reached by the two heads of state, promote high-quality development of all-round cooperation, and boost the nations’ common development.
He called on the two sides to upgrade trade cooperation, promote the construction of interconnectivity such as the China-Central Asia transport corridor, foster new highlights of cooperation including green energy and cross-border e-commerce, and deepen people-to-people and cultural exchanges on education, culture and tourism, among other areas.
He also said that the two countries should continue enhancing security cooperation to ensure a stronger security barrier for their development and prosperity.
While congratulating China on successfully hosting the China-Central Asia Summit, Japarov said it is believed that the mechanism is bound to become a major platform of international cooperation, contributing to regional and global peace and development. ■
Chinese Premier Li Qiang meets with Kyrgyz President Sadyr Japarov, who is in China for the China-Central Asia Summit and a state visit, at the Great Hall of the People in Beijing, capital of China, May 19, 2023. (Xinhua/Rao Aimin)