Connect with us

Europe

တရုတ်အနုပညာကြယ်ပွင့်များ ကိန်းရုပ်ရှင်ပွဲတော်သို့ ရောက်ရှိ

တရုတ်မင်းသမီး Gong Li (ဝဲ) နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ပြင်သစ်တေးရေးဆရာ Jean-Michel Jarre တို့ ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ကိန်းမြို့တွင် ၂၀၂၃ ခုနှစ် မေ ၁၈ရက်က ကျင်းပသော ၇၆ ကြိမ်မြောက် ကိန်း ရုပ်ရှင်ပွဲတော်၌ တွေ့ရစဉ် (ဆင်ဟွာ)

ကိန်း၊ ပြင်သစ်၊ မေ ၂၀ ရက် (ဆင်ဟွာ)

၇၆ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ကိန်း မြို့သို့ တရုတ်အနုပညာကြယ်ပွင့်များစွာ ရောက်ရှိလာကြောင်း သိရသည်။

တရုတ်မင်းသမီး Zhang Yuqi က Palme d’Or ဆုအတွက် ယှဉ်ပြိုင်မည့် “Kaibutsu” (Monster) ရုပ်ရှင်ကားကို ပြသရန် ၂၀၂၃ ခုနှစ် မေ ၁၈ရက်က ကျင်းပသော ၇၆ ကြိမ်မြောက် ကိန်း ရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေစဉ် (ဆင်ဟွာ)

တရုတ်မင်းသား Gong Jun (ယာ) နှင့် မင်းသမီး Zhong Chuxi တို့ ၂၀၂၃ ခုနှစ်၊ မေ ၁၈ ရက်၌ ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ကိန်းမြို့ ရှိ ၇၆ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်တွင် ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

တရုတ်မင်းသမီး Huang Lu သည် ပြင်သစ်နိုင်ငံတောင်ပိုင်း၊ ကိန်းမြို့ ၌ ၂၀၂၃ ခုနှစ်၊ မေ ၁၆ ရက်ကကျင်းပသောကိန်း ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာမှုကိုတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်မင်းသား Zhu Yilong က Palme d’Or ဆုအတွက် ယှဉ်ပြိုင်မည့် “Kaibutsu” (Monster) ရုပ်ရှင်ကားကို ပြသရန် ၂၀၂၃ ခုနှစ် မေ ၁၈ရက်က ကျင်းပသော ၇၆ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်သို့ ရောက်ရှိနေစဉ် (ဆင်ဟွာ)

တရုတ်မင်းသမီး Zhang Yuqi ၊ Gao Ye နှင့် တရုတ်မင်းသား Zhu Yilong တို့သည် ဂျပန်ဒါရိုက်တာ Kore-Eda Hirokazuရိုက်ကူးထားသော “Kaibutsu” (Monster) ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားကြပြီး ယင်းဇာတ်ကားမှာ Palme d’Or ဆုအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၂၃ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို မေ ၁၆ ရက် ညနေတွင် စတင်ကျင်းပခဲ့ပြီး Palme d’Or ထိပ်တန်းဆုအတွက် ယှဉ်ပြိုင်မည့် ဇာတ်ကားပေါင်း ၂၁ ကား ရွေးချယ်ထားကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Chinese stars at Cannes Film Festival
CANNES, France, May 19 (Xinhua) — Several Chinese stars have arrived in Cannes, southern France, to attend the 76th edition of the Cannes Film Festival.
Chinese actresses Zhang Yuqi, Gao Ye and actor Zhu Yilong have acted in Japanese director Kore-Eda Hirokazu’s film “Kaibutsu” (Monster), which will compete for the Palme d’Or in Cannes, southern France.
This year’s Cannes Film Festival kicked off on Tuesday evening, with 21 films selected to compete for the Palme d’Or top prize.
(1)Actress Gong Li (L) and her husband, French music composer Jean-Michel Jarre pose during a photocall at the 76th edition of the Cannes Film Festival in Cannes, southern France, on May 18, 2023. (Xinhua/Gao Jing)
(2)Actress Zhang Yuqi poses as she arrives for the screening of the film “Kaibutsu” (Monster) which will compete for the Palme d’Or during the 76th edition of the Cannes Film Festival in Cannes, southern France, May 17, 2023. (Xinhua/Gao Jing)
(3)Actor Gong Jun (R) and actress Zhong Chuxi pose during a photocall at the 76th edition of the Cannes Film Festival in Cannes, southern France, on May 18, 2023. (Xinhua/Gao Jing)
(4)Actress Huang Lu arrives for the opening ceremony of the 76th edition of the Cannes Film Festival in Cannes, southern France, on May 16, 2023.(Xinhua/Gao Jing)
(5)Actor Zhu Yilong poses as he arrives for the screening of the film “Kaibutsu” (Monster) which will compete for the Palme d’Or during the 76th edition of the Cannes Film Festival in Cannes, southern France, May 17, 2023. (Xinhua/Gao Jing)■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.