Connect with us

Media

တရုတ် မီးသတ်သမား ၃၀၀ ဦး က ခက်ခဲသော လေ့ကျင့်မှုအစီအစဉ်ကို အောင်မြင်စွာကျော်လွှားနိုင်

ကျောင်းထုန်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုန်းမြို့တွင် နိုင်ငံတစ်ဝန်းမှ ရဲရင့်သော မီးသတ်သမား ၃၀၀ ဦး က လေ့ကျင့်ရေးအစီအစဉ်တစ်ခု၌ ၎င်းတို့၏အစွမ်းရှိသမျှ အသုံးပြုလျက် လေ့ကျင့်ခဲ့ကြသည်။

၎င်းတို့ရင်ဆိုင်ရသော ခက်ခဲသည့် စမ်းသပ်မှုများအကြား ထင်ရှားသော စိန်ခေါ်မှုတစ်ခုမှာ သရုပ်ပြမီးလောင်ပေါက်ကွဲမှုမှ တည်နေရာရှာဖွေရသည့် လေ့ကျင့်ရေး၌ ပါဝင်ရခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုမှာ မြန်မြန်စဉ်းစား၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိရှိ တိတိကျကျ ဆောင်ရွက်ရန်လိုအပ်သည်။

နောက်ဆုံးတွင်မူ မီးသတ်သမား ၃၀၀ ဦး အနေဖြင့် စမ်းသပ်လေ့ကျင့်မှုနှင့် အကဲဖြတ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး အန္တရာယ်နှင့် ရင်ဆိုင်ရစဉ်အခါ ၎င်းတို့၏ လူနေရပ်ကွက်များကို ကာကွယ်ရန် ကောင်းစွာလေ့ကျင့်ကာ အသင့်အနေအထားရှိသည်ကို အပြည့်အဝ သက်သေပြနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
300 Chinese Firefighters Conquer Challenging Training Program

300 fearless firefighters from across China pushed their limits at a training program in Zhaotong city, Yunnan province.
Among the difficult tests they faced, one particularly demanding challenge involved navigating through a simulated fireworks explosion, which required quick thinking, teamwork, and precision.
Ultimately, all 300 firefighters successfully passed the training and assessment affirming that they are well-prepared and equipped to protect their communities in the face of danger.