Connect with us

China

တရုတ်နိုင်ငံက မော်တော်ယာဉ်များအတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု တင်းကြပ်သောစံနှုန်းများသတ်မှတ်မည်

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်များအတွက် ဓာတ်ငွေ့ထုတ်လွှတ်မှု စံနှုန်းများကို ဇူလိုင် ၁ ရက်မှ စတင်၍ ပိုမိုတင်းကြပ်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက မေ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။

စံချိန်စံညွှန်းပြည့်မီခြင်းမရှိသော မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း သို့မဟုတ် ရောင်းချခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ အဆင့်မြှင့်ထားသော စံချိန်စံညွှန်းများသည် အပေါ့စားမော်တော်ယာဉ်များနှင့် အကြီးစားဒီဇယ်ကားများနှစ်မျိုးလုံးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနနှင့် အခြားတာဝန်ရှိသည့် ဌာန ၄ ခု မှ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းသူများအနေဖြင့် ၎င်းတို့ ထုတ်လုပ်တင်သွင်းသော မော်တော်ယာဉ်များကို စံချိန်စံညွှန်းအသစ်များ ပြည့်မီစေရန်အတွက် ညစ်ညမ်းမှုထိန်းချုပ်ရေး နည်းပညာဆိုင်ရာအချက်အလက်များနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုစမ်းသပ်မှုရလဒ်များကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China to adopt stricter standards for auto emissions
BEIJING, May 9 (Xinhua) — China will implement a more rigorous set of emissions standards for motor vehicles nationwide from July 1, the Ministry of Ecology and Environment said on Tuesday.
The production, import or sale of motor vehicles that do not meet the standards will be prohibited, the ministry said.
The upgraded standards will apply to both lightweight vehicles and heavyweight diesel vehicles, according to a notice jointly released by the ministry and four other authorities.
Motor vehicle manufacturers and importers will be obliged to disclose the results of emissions tests and information on pollution-control technologies to ensure their vehicles meet the new standards. ■