Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ စာသင်ကျောင်းအားကစားခန်းမ မျက်နှာကျက်ပြိုကျမှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ South Gyeongsang ပြည်နယ်ရှိ မူလတန်းကျောင်း၏ ဘတ်စကက်ဘောကစားကွင်းအနီး ကလေးငယ်များကို ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS/Handout via Xinhua)

ဆိုးလ်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ မူလတန်းကျောင်းတစ်ကျောင်းရှိ အားကစားခန်းမ မျက်နှာကျက်ပြိုကျမှုကြောင့် ကျောင်းဆရာ (သို့မဟုတ်) ဆရာမတစ်ဦးနှင့် ကျောင်းသား/ကျောင်းသူ ၁၃ ဦး အပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် နေ့လယ် ၁၂:၂၁ အချိန်ခန့်က ဆိုးလ်မြို့ တောင်ဘက် ကီလိုမီတာ ၃၂၀ ခန့်အကွာ Yeosu မြို့ရှိ မူလတန်းကျောင်း၏ အားကစားခန်းမအတွင်းဘက် မျက်နှာကျက် တစ်ပိုင်းတစ်စမှာ ကြမ်းခင်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရရှိသူများမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မျက်နှာကျက်အတွင်းပိုင်း အချောသတ်ပစ္စည်းကိရိယာများ တပ်ဆင်နေချိန်၌ ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါမျက်နှာကျက်အောက်တွင် မတ်တပ်ရပ်နေကြသော ကျောင်းဆရာ (သို့မဟုတ်) ဆရာမနှင့် ကျောင်းသား/ကျောင်းသူများပေါ်သို့ ထိုပစ္စည်းများ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………………………
(English Version)

14 injured in collapse of S. Korea’s school gym ceiling structure
SEOUL, May 12 (Xinhua) — One teacher and 13 students were injured on Friday as the ceiling structure of a South Korean elementary school gymnasium collapsed, Yonhap news agency reported.
A part of the ceiling inside the elementary school gymnasium in Yeosu, around 320 km south of Seoul, went down to the floor at about 12:21 p.m. local time (0321 GMT).
A total of 14 people, were slightly wounded and taken to a nearby hospital.
The accident was believed to have occurred when finishing materials inside the ceiling collapsed at once.
Standing below the ceiling were the teacher and the students, on whom the finishing materials fell.
Photo: Children walk past a basketball court at a primary school in South Gyeongsang province, South Korea, March 31, 2020. (NEWSIS/Handout via Xinhua)