Connect with us

China

တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် ဇန်နဝါရီလမှ မတ်လအတွင်း အားကောင်းသော တိုးတက်မှုရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ် (ရှန်ဟိုင်း) လွတ်လပ်သောကုန်သွယ်မှုရှေ့ပြေးဇုန် (FTZ) ကို ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်များ (FTZs) တွင် ယခုနှစ် ပထမသုံးလအတွင်း ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၁၁ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ လွတ်လပ်သောကုန်သွယ်မှုဇုန်များ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုမှာ ယင်းကာလအတွင်း ယွမ် ၁.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၀.၅ ဘီလီယံခန့်) ရှိခဲ့ရာ ယမန်နှစ်ကထက် ၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shu Jueting က ပြောသည်။

ထိုလွတ်လပ်သောကုန်သွယ်မှုဇုန်များ၌ အမှန်တကယ်အသုံးပြုသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာလည်း ၂၂.၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခင်နှစ်ကထက် ယွမ် ၇၁.၉ ဘီလီယံ ရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်များ၏ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ မျှဝေရန် အထောက်အကူပြုစေမည့် အစီအစဉ်များစွာကိုလည်း စုစည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Shu က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ပထမဆုံး လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ၂၀၁၃ ခုနှစ်တွင် ရှန်ဟိုင်းမြို့၌ တည်ထောင်ခဲ့သည်။ (Xinhua)

………………………………………………
(English Version)
China’s FTZs see robust growth in January-March
BEIJING, May 11 (Xinhua) — China’s free trade zones (FTZs) recorded rapid foreign trade and investment growth in the first three months of this year, said the Ministry of Commerce Thursday.
The total foreign trade of the country’s 21 FTZs amounted to 1.8 trillion yuan (about 260.5 billion U.S. dollars) during the period, up 6.6 percent year on year, said spokesperson Shu Jueting at a press conference.
Foreign direct investment in these FTZs in actual use increased 22.1 percent from a year earlier to 71.9 billion yuan, the spokesperson said.
Shu added that the ministry would organize various activities to help businesses at home and abroad learn more about China’s FTZ policies and share opportunities for future development.
China set up its first FTZ in Shanghai in 2013.
Photo: Aerial photo taken on June 21, 2022 shows the China (Shanghai) Pilot Free Trade Zone (FTZ) in east China’s Shanghai. (Xinhua/Fang Zhe)