Connect with us

China

တရုတ်နိုင်ငံ အထူးသံတမန် ယူကရိန်း၊ ပိုလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားသို့ သွားရန်ရှိ

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဥရောပအာရှအရေးဆိုင်ရာ တရုတ်နိုင်ငံ အစိုးရ၏အထူးသံတမန် လီဟွေးသည် မေ ၁၅ ရက်မှစတင်၍ ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ဆက်စပ်သောနိုင်ငံများ အားလုံးနှင့် ဆက်သွယ်ပြောဆိုရန် ယူကရိန်း၊ ပိုလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှား စသည့်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မေ ၁၂ ရက်၌ ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသည် မှန်ကန်၍ တရားမျှတသော နည်းလမ်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တက်ကြွစွာတွန်းအားပေးလျက်ရှိကြောင်း၊ ဆက်စပ်သောနိုင်ငံများသို့ သွားရောက်မည့် လီ၏ခရီးစဉ်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွန်းအားပေးရန် တရုတ်နိုင်ငံ၏ သံန္နိဋ္ဌာန်ကို ပြသခြင်းဖြစ်သလို တရုတ်နိုင်ငံက ငြိမ်းချမ်းသည့်ဘက်၌ အခိုင်အမာရပ်တည်လျက်ရှိသည်ကို အပြည့်အဝဖော်ပြနေခြင်းလည်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသည် အပစ်အခတ်ရပ်စဲရေး၊ စစ်ပြေငြိမ်းခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လမ်းဖွင့်ပေးခြင်းနှင့် အခြေအနေတင်းမာမှုများကို ရှောင်ရှားခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များ တည်ဆောက်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန်နှင့် ယူကရိန်းအရေး နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာမှုကို တွန်းအားပေးရန် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။ (Xinhua)

……………………………………
(English Version)
China special envoy to visit Ukraine, Poland, France, Germany, Russia
BEIJING, May 12 (Xinhua) — Special Representative of the Chinese Government on Eurasian Affairs Li Hui will visit Ukraine, Poland, France, Germany and Russia to communicate with all parties on the political settlement of the Ukraine crisis starting from May 15, a Chinese foreign ministry spokesperson Wang Wenbin said Friday.
He pointed out that since the outbreak of the Ukraine crisis, China has been actively promoting peace talks in an objective and just manner, adding that Li’s visit to relevant countries shows China’s commitment to promoting peace talks and fully demonstrates that China firmly stands on the side of peace.
China is willing to continue to play a constructive role in building more international consensus on the ceasefire, the cessation of war, the opening of peace talks, and the avoidance of escalation of the situation, and make China’s contribution to promoting the political settlement of the Ukraine crisis, Wang said.