Connect with us

Europe

ဥရောပအနေဖြင့် အတွေးအခေါ်ဆိုင်ရာ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို ပူးတွဲဆန့်ကျင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း (ဝဲ) သည် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt တို့ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်ကတွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

အော့စလို၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နှင့် ဥရောပတို့အနေဖြင့် အတွေးအမြင်ဆိုင်ရာ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုကို ပူးတွဲဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို၍ တည်ငြိမ်၊သေချာ၍ အပြုသဘောဆောင်သည့် စွမ်းအားဖြည့်တင်းသွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုတွင် နော်ဝေဖွဲ့စည်းပုံ အခြေခံဥပဒေနေ့ကို ဂုဏ်ပြုရန် ချီတက်လာသောပြည်သူများကို ၂၀၁၉ ခုနှစ်၊ မေ ၁၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ချင်သည် နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ရှုပ်ထွေးနေသော နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် နော်ဝေနှင့် ဥရောပတို့ကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများအဖြစ် အမြဲတမ်း ဆက်ဆံခဲ့ကြောင်း ချင်ကဆိုသည်။

၂၀၂၄ ခုနှစ်သည် တရုတ်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် နှစ်ပတ်လည် ဖြစ်သည့်အတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို မြင့်မားသော အဆင့်သစ်သို့ မြှင့်တင် ရေးတွန်းအားပေးရန်၊ နှစ်နိုင်ငံပူးပေါင်ဆောင်ရွက်မှုတိုးတက်စေရန်၊ ပိုမိုကောင်းမွန်သော ရလဒ်များ ဆောင်ကြဉ်းရန် ယင်းအခွင့်အလန်းကို အကျိုးရှိရှိအသုံးချရမည်ဖြစ်ကြောင်း ချင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နားလည်မှု ခိုင်မာစေရန်၊ ယုံကြည်မှု တိုးမြင့်လာစေရန်နှင့် သံသယများကို ရှင်းလင်းမှုရှိစေရန် အလို့ငှာ တန်းတူညီမျှမှုရှိပြီး အပြန်အလှန် လေးစားမှုပေါ် အခြေခံသည့်ဆွေးနွေးမှုကို ထောက်ခံကြောင်း၊ သို့ရာတွင် ပြည်ပဝင်ရောက်စွက်ဖက်မှုကိုမူ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ချင်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးတို့သည် ယူကရိန်းအကျပ်အတည်းကဲ့သို့သော နိုင်ငံတကာနှင့် ဒေသဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၎င်းတို့၏ ရှေ့မှောက်တွင် အခွန်နှစ်ထပ်ကောက်ခံခြင်းမှ ဖယ်ရှားခြင်းဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ် ပုံစံအသစ်ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

………………………………
(English Version)
Chinese FM urges Europe to jointly oppose ideological, bloc confrontation

OSLO, May 12 (Xinhua) — China and Europe should jointly oppose and resist ideological and bloc confrontation, and inject more stability, certainty and positive energy into world peace and development, visiting Chinese State Councilor and Foreign Minister Qin Gang said here on Friday.
Qin made the remarks when meeting with his Norwegian counterpart Anniken Huitfeldt. He said that facing the turbulent international situation, China has always treated Norway and Europe as its cooperative partners.
As next year marks the 70th anniversary of the establishment of diplomatic relations between China and Norway, both sides should take advantage of this opportunity to push bilateral relations to a new height, enrich bilateral cooperation and bring about more fruitful results, Qin said.
China advocates dialogue on the basis of equality and mutual respect in order to strengthen understanding, increase trust and clear up doubts, but firmly opposes external interference, Qin said.
The two also exchanged views on international and regional issues such as the Ukraine crisis.
The two also witnessed the signing of a new version of the bilateral agreement for the avoidance of double taxation. ■
(1) Chinese State Councilor and Foreign Minister Qin Gang (L) shakes hands with Norwegian Foreign Minister Anniken Huitfeldt during their meeting in Oslo, Norway, on May 12, 2023. (Xinhua/Lin Jing)
(2) People parade to celebrate the Norwegian Constitution Day in Oslo, capital of Norway, May 17, 2019. (Xinhua/Zhang Shuhui)