Connect with us

Economy

တရုတ်နိုင်ငံ၊ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများကြား စားသောက်ကုန်ပစ္စည်း ကုန်သွယ်ရေး မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့တွင် တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ကုန်စည်ပြပွဲ၌ ပိုလန်နိုင်ငံမှ ထုတ်ကုန်များပြသနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများ (CEECs) ကြား လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်း ကုန်သွယ်ရေးသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း အကောက်ခွန်စာရင်းအင်းများအရ သိရသည်။CEEC နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးသည် ၂၀၁၂ ခုနှစ်မှစ၍ ပျမ်းမျှ နှစ်စဉ် ၈.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၎င်းတို့အနက် လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်း ကုန်သွယ်ရေး၏ တိုးတက်မှုနှုန်းက အသိအမှတ်ပြုလောက်ဖွယ် ဖြစ်ခဲ့သည်။

အဆိုပါ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်ကုန်သွယ်မှုမှာ ဇန်နဝါရီလမှ ဧပြီလအထိ အမေရိကန်ဒေါ်လာ သန်း ၇၂၀ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် CEEC နိုင်ငံများနှင့်အတူ အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေချောမွေ့မှု မြှင့်တင်ရန်၊ CEEC နိုင်ငံများမှ တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့မှု အရှိန်မြှင့်တင်ရန်၊ နိုင်ငံတကာ ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်၍ အဆင်ပြေချောမွေ့မှုရှိစေရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလ စီးပွားရေးနှင့် ကုန်သွယ်ရေးပြန်လည်နာလန်ထူမှု မြှင့်တင်ရန် ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန လက်ထောက်ဌာနမှူး Wang Lingjun က ပြောကြားခဲ့သည်။ (Xinhua)

………………………………

Trade of food products between China, Central and Eastern European countries soars
HANGZHOU, May 16 (Xinhua) — The trade of agricultural and food products between China and Central and Eastern European Countries (CEECs) has grown significantly in recent years, according to customs statistics.
China’s trade with CEECs has grown at an average annual rate of 8.1 percent since 2012, and the growth rate in the trade of agricultural and food products is even more remarkable.
The two-way trade of these products totaled 720 million U.S. dollars from January to April, surging 34 percent year on year.
China will work with CEECs to promote the facilitation of customs clearance, accelerate CEEC exports of agricultural and food products to China, stabilize and smooth the international supply chain, and boost post-COVID-19 economic and trade recovery, said Wang Lingjun, deputy head of the General Administration of Customs.
Photo: An enterprise delegate displays goods from Poland at the China-Central & Eastern European Countries (CEEC) Expo in Ningbo, east China’s Zhejiang Province, May 16, 2023. (Xinhua/Huang Zongzhi)