Connect with us

Science & Technology

2023 Greater Bay Area Science Forum ကွမ်ကျိုးမြို့တွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ နန်ဆားခရိုင် ၌ Greater Bay Area Science Forum ပုံမှန်ကျင်းပမည့် နေရာ၏ ဗိသုကာလက်ရာကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တွင် 2023 Guangdong-Hong Kong-Macao Greater Bay Area Science Forum ကို မေ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း China Science Daily သတင်းစာက မေ ၁၇ ရက်တွင် ဖော်ပြထားသည်။ယခုနှစ်ဖိုရမ်ကို Alliance of International Science Organizations မှ ကြီးမှူး၍ ကွမ်တုန်းပြည်နယ်အစိုးရမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ နန်ဆား ခရိုင်၊ Greater Bay Area Science Forum ပုံမှန်ကျင်းပသည့် နေရာ၊ မြေပန္နက်ရိုက်ခြင်း အခမ်းအနားတွင် အင်ဂျင်နီယာလုပ်ငန်းသုံးယာဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဏ္ဏဝါသိပ္ပံ၊ နာနိုသိပ္ပံ၊ စွမ်းအင်မြင့်မားသော ရူပဗေဒ၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် ဉာဏ်ရည်တုဆိုင်ရာ စသည့်ကဏ္ဍများကို အဓိကထားသော စုစုပေါင်း ဆွေးနွေးပွဲ ၁၅ ခုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖိုရမ်အတွင်း ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု အောက်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာနှင့် Greater Bay Area ဆန်းသစ်တီထွင်မှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————–

2023 Greater Bay Area Science Forum to be held in Guangzhou
BEIJING, May 17 (Xinhua) — The 2023 Guangdong-Hong Kong-Macao Greater Bay Area Science Forum will be held from May 20 to 23 in Guangzhou, capital of south China’s Guangdong Province, according to Wednesday’s China Science Daily.
This year’s forum is initiated by the Alliance of International Science Organizations and will be hosted by the Guangdong provincial government.
There will be a total of 15 sub-forums, according to the report, with focus on marine science, nanoscience, high-energy physics, advanced manufacturing and artificial intelligence.
During the forum, a high-quality development report on sci-tech innovation and cooperation under the Belt and Road Initiative and an innovation index report on the Greater Bay Area will be launched. Enditem
(1) Image shows an architectural rendering of the permanent venue for the Greater Bay Area Science Forum in Nansha District of Guangzhou, south China’s Guangdong Province. (Xinhua)
(2) Photo taken on Sept. 24, 2022 shows engineering vehicles at the groundbreaking ceremony of the permanent venue for the Greater Bay Area Science Forum in Nansha District of Guangzhou, south China’s Guangdong Province. (Xinhua/Hong Zehua)