Connect with us

China

ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမားတောင်ထိပ်သို့ ပထမဆုံး လူသားများတက်ရောက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အကြာ တရုတ်စူးစမ်းလေ့လာရေးအဖွဲ့က ယင်းတောင်ထိပ်သို့ ရောက်ရှိလာ

ချိုမိုလန်းမားတောင်ထိပ်တွင် တရုတ်နိုင်ငံ အလံနှင့်အတူ တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် သိပ္ပံသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမားတောင်ထိပ်သို့ မေ ၂၃ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၁၉၅၃ ခုနှစ် မေ ၂၉ ရက်က နယူးဇီလန်နိုင်ငံသား Edmund Hillary နှင့် နီပေါနိုင်ငံမှ Tenzing Norgay တို့ ချိုမိုလန်းမားတောင်၏ တောင်ဘက်ပိုင်း တောင်ကြောမှ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ လူသားများ၏ ပထမဆုံး အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ နီးပါးကြာပြီးနောက် တရုတ်စူးစမ်းလေ့လာရေးအဖွဲ့က ထိုသို့စွမ်းဆောင်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

ချိုမိုလန်းမားတောင်ပေါ်ရှိ မီတာ ၈,၈၃၀ အမြင့်တွင်ရှိသော မိုးလေဝသစခန်း၌ တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ဝင်များက ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းနှင် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ချိုမိုလန်းမား အမျိုးသား သဘာဝကြိုးဝိုင်းရှိ တောင်တက်အခြေစိုက်စခန်းကို ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် ချိုမိုလန်းမားတောင် စူးစမ်းလေ့လာမှုသည် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ပေါ်တွင် ဒုတိယအကြိမ် သိပ္ပံနည်းပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ယခုနှစ်စူးစမ်းလေ့လာမှု၏ အရေးပါသောလုပ်ငန်းတာဝန်မှာ ချိုမိုလန်းမားတောင်ဒေသတွင် မိုးလေဝသ စူးစမ်းလေ့လာမှုစနစ် တည်ဆောက်ရေး သေချာမှုရှိစေရန်နှင့် ကာလရှည် စဉ်ဆက်မပြတ် စူးစမ်းလေ့လာမှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် မီတာ ၅,၂၀၀ နှင့် မီတာ ၈,၈၃၀ ကြားရှိ မိုးလေဝသစခန်း ၈ ခုကို ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးတို့ ဖြစ်သည်။

အဖွဲ့ဝင် ၁၃ ဦးပါဝင်သော တရုတ်စူးစမ်းလေ့လာရေးအဖွဲ့သည် မေ ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၃၀၀ မီတာရှိ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ပြီး နာရီပေါင်းများစွာကြာအောင် ခက်ခက်ခဲခဲတောင်တက်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် အမြင့် ၈,၈၃၀ မီတာရှိ ရာသီဥတုစခန်းသို့ ရောက်ရှိခဲ့သည်။
အဆိုပါ တောင်တက်အဖွဲ့သည် သံမဏိကြိုးများ ချိတ်ဆက်ခြင်း ၊ ဘက်ထရီများ လဲလှယ်ခြင်း ၊ လေတိုက်နှုန်းနှင့် ဦးတည်ရာလမ်းကြောင်း အာရုံခံကိရိယာများ တပ်ဆင်ခဲ့ပြီးနောက် ရာသီဥတုစခန်း၏ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့သည် နေ့လယ် ၁၂:၃၀ နာရီခန့်တွင် ၈,၈၄၈.၈၆ မီတာရှိသော တောင်ထိပ်သို့ တက်ရောက်ခဲ့ကာ ရေခဲနှင့် ဆီးနှင်းနမူနာများကို အောင်မြင်စွာ စုဆောင်းနိုင်ခဲ့ကြောင်း၊ ယင်းနမူနာများကို လေထုညစ်ညမ်းမှု အထူးသဖြင့် လေထုညစ်ညမ်းမှုအသစ်များ လေ့လာစောင့်ကြည့်ခြင်းနှင့် သုတေသနပြုခြင်းအတွက် အသုံးပြုသွားမည်ဖြစ်သည်။ (Xinhua)

……………………………….
(English Version)
70 years after man’s 1st summit, Chinese expedition makes way to world’s highest peak

MOUNT QOMOLANGMA BASE CAMP, Tibet, May 23 (Xinhua) — A Chinese expedition team on Tuesday reached the summit of Mount Qomolangma, the world’s highest peak, where they carried out scientific research.
The feat came almost 70 years after man’s first successful expedition to the top of the world, when New Zealander Edmund Hillary and Tenzing Norgay from Nepal summited Mt. Qomolangma from the south ridge on May 29, 1953.
The 2023 Mt. Qomolangma expedition is part of the second comprehensive scientific expedition on the Qinghai-Tibet Plateau, initiated in 2017.
An important mission of this year’s expedition is to maintain and upgrade the eight weather stations at altitudes between 5,200 meters and 8,830 meters to ensure the establishment of the gradient meteorological observation system in the Mt. Qomolangma region and realize long-term continuous observation work.
The 13 members of the expedition departed the Assault Camp at an altitude of 8,300 meters at 3 a.m. Tuesday and arrived at the weather station at an altitude of 8,830 meters — the highest weather station in the world — after several hours of arduous climbing.
After affixing steel ropes, replacing batteries and installing wind speed and direction sensors, they completed upgrades to the components of the weather station.
They then climbed to the 8,848.86-meter-high summit at around 12:30 p.m. and successfully collected ice and snow samples, which will be used for the observation and research of air pollutants, particularly new pollutants.
The 2023 Mt. Qomolangma expedition is part of the second comprehensive scientific expedition on the Qinghai-Tibet Plateau, initiated in 2017.

Photo 1: Members of a Chinese expedition team display the Chinese national flag at the summit of Mount Qomolangma on May 23, 2023. (Photo by Lhagba/Xinhua)
Photo 2: Members of a Chinese expedition team maintain and upgrade equipment at the 8,830-meter weather station on Mount Qomolangma, May 23, 2023. (Photo by Lhagba/Xinhua)
Photo 3: This aerial photo taken on May 23, 2023 shows the mountaineering base camp in the Qomolangma National Nature Reserve in southwest China’s Tibet Autonomous Region. (Xinhua/Sun Fei)