Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် နယ်သာလန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Wopke Hoekstra တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် နယ်သာလန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Wopke Hoekstra တို့ မေ ၂၃ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် နယ်သာလန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Wopke Hoekstra အား မေ ၂၃ ရက်က ပေကျင်းမြို့တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက နယ်သာလန်နိုင်ငံသည် ဥရောပရှိ တရုတ်နိုင်ငံ၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်သာလန်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုကြောင်း၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးများ နက်ရှိုင်းအောင်၊ စစ်လက်နက်ပစ္စည်းထိန်းချုပ်မှု၊ ဆိုက်ဘာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု စသည့် ဘက်ပေါင်းစုံကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ကာ “ကွင်းဆက်ဖြတ်တောက်ခြင်း”ကို အတူ ဆန့်ကျင်သွားလိုကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဥရောပကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အစဉ်အမြဲရှုမြင်ကြောင်း၊ နယ်သာလန်နိုင်ငံ အနေဖြင့်လည်း တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု “ပြတင်းပေါက်”အနေဖြင့် ဆက်လက်ပါဝင် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Wopke Hoekstra က နယ်သာလန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားသလို တရုတ်နိုင်ငံနှင့်အတူ ဈေးကွက်မူဝါဒများကို လက်ကိုင်ထားပြီး လယ်ယာစိုက်ပျိုးရေး၊ ဆန်းသစ်တီထွင်ရေးစသည့်ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ နယ်သာလန်နိုင်ငံသည် ဥရောပ-တရုတ် ဖလှယ်ရေး၏ ပေါင်းကူးတံတားနှင့်မြှင့်တင်သူအဖြစ် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် နှစ်ဘက်အနေဖြင့် အခြားသော ဘုံဂရုပြုကြသည့် နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များအား နက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
(外事)秦刚同荷兰副首相兼外交大臣胡克斯特拉举行会谈
新华社北京5月23日电(记者曹嘉玥)国务委员兼外长秦刚23日在北京同荷兰副首相兼外交大臣胡克斯特拉举行会谈。
秦刚表示,荷兰是中国在欧洲的重要合作伙伴。中方愿同荷方加强经贸投资合作,深化人文交流,推进军控、网络安全、气候变化等多边领域合作,共同反对“脱钩断链”。中方始终视欧洲为全面战略伙伴,希望荷方继续发挥中欧合作“门户”作用。
胡克斯特拉表示,荷方坚持一个中国政策,愿同中方秉持市场原则,深化农业、创新等领域合作。荷方致力于做欧中交流的桥梁和促进者。
双方还就其他共同关心的国际和地区问题深入交换意见。
1. 5月23日,国务委员兼外长秦刚在北京同荷兰副首相兼外交大臣胡克斯特拉举行会谈。新华社记者 丁林 摄