Connect with us

Economy

တရုတ်နိုင်ငံ ကန်းစုပြည်နယ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများကြား ကုန်သွယ်ရေး ဆက်လက်မြင့်တက်နေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း သန်းဟွမ်မြို့မှ ထွက်ခွာကာ တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပြေးဆွဲနေသော ကန်းစုပြည်နယ်၏ ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထားကို ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ မေ ၂၆ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ်မှု တိုးတက်လျက်ရှိပြီး ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ယမန်နှစ် အလားတူကာလထက် ၁၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ယင်းဒေသအကောက်ခွန်ဌာန အချက်အလက်များအရ သိရသည်။ကန်းစုပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းတန်ဖိုးမှာ ဇန်နဝါရီလမှ ဧပြီလအထိ ယွမ် ၂၁.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့်) ရှိခဲ့ကာ ယခင်နှစ် ကာလတူထက် ၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကန်းစုပြည်နယ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများကြား ပို့ကုန်နှင့် သွင်းကုန်များမှာလည်း ယင်းပြည်နယ်၏ ပြည်ပကုန်သွယ်မှုအားလုံး၏ ၅၅.၄ ရာခိုင်နှုန်းရှိကာ ကာလတန်ဖိုး ယွမ် ၁၁.၇၅ ဘီလီယံရှိကြောင်း သိရသည်။
ထို့ပြင် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကန်းစုပြည်နယ်၏ ကုန်သွယ်ရေးမှာ ယမန်နှစ်အလားတူကာလထက် ၅၃.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယွမ် ၆.၁ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ယခုနှစ်ပထမလေးလအတွင်း ကန်းစုပြည်နယ်ရှိ စက်မှုနှင့် လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုအနေဖြင့် ယွမ် ၂.၅ ဘီလီယံရှိခဲ့ကာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၆၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ (Xinhua)
………………………………

Trade between China’s Gansu, Belt and Road countries continues to surge
LANZHOU, May 25 (Xinhua) — China’s Gansu Province reported growing foreign trade in the first four months of 2023, with its trade volume with countries along the Belt and Road registering a year-on-year growth of 16.3 percent, data from local customs showed.
From January to April, the total value of Gansu’s foreign trade reached 21.2 billion yuan (about 3 billion U.S. dollars), up 0.8 percent year on year. The province’s imports from and exports to Belt and Road countries constituted 55.4 percent of its overall foreign trade, amounting to a total of 11.75 billion yuan.
Meanwhile, Gansu’s trade with Regional Comprehensive Economic Partnership (RCEP) member countries registered a striking year-on-year growth of 53.2 percent to 6.1 billion yuan.
Specifically, the export of mechanical and electrical products in Gansu in the first four months was 2.5 billion yuan, an increase of 61.4 percent from the same period in the previous year.
Photo: Aerial photo taken on April 21, 2022 shows Gansu’s first international freight train that runs via the China-Laos Railway departing from Dunhuang, northwest China’s Gansu Province. (Xinhua/Du Zheyu)