Connect with us

Science & Technology

တရုတ်နိုင်ငံတွင် လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား တပ်ဆင်အသုံးပြုမှု မြင့်တက်လာ

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လုံလောက်သော စွမ်းအင်ထောက်ပံ့မှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ကြိုးပမ်းအားထုတ်ကာ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် ၂၀၂၃ ခုနှစ် ပထမလေးလတွင် အသစ်တပ်ဆင်ထားသော သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုမှာ မှန်မှန်တိုးတက်လာခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ အသစ်တပ်ဆင်လိုက်သော လေနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ဇန်နဝါရီမှ ဧပြီလအထိ ကီလိုဝပ် ၆၂.၅၁ သန်းအထိ ရောက်ရှိခဲ့ကြောင်း အမျိုးသားစွမ်းအင် မှ မေ ၂၅ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါ ကိန်းဂဏန်မှာ တရုတ်နိုင်ငံ၏ စုစုပေါင်း အသစ်တပ်ဆင်ထားသော စွမ်းအင်ထုတ်လုပ်မှုပမာဏ၏ ၇၄ ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ် အလားတူကာလကထက် ၁၁.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ လေနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၄၈၂.၈ ဘီလီယံ ကီလိုဝပ်နာရီအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ဧပြီလကုန်တွင် တရုတ်နိုင်ငံ၏ လေအားလျှပ်စစ် တပ်ဆင်စွမ်းအင်မှာ ကီလိုဝပ် ၃၈၀ သန်း အထိရောက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား တပ်ဆင်စွမ်းအင်မှာ ကီလိုဝပ် ၄၄၀ သန်း ရှိကြောင်း သိရသည်။အဆိုပါ နှစ်ခုပေါင်း မှာ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားစွမ်းအင်ထုတ်လုပ်နိုင်မှုပမာဏ၏ ၃၀.၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)
—————————-

China’s newly installed capacity of wind, photovoltaic power rises
BEIJING, May 25 (Xinhua) — China saw a steady increase in the newly installed capacity of clean energy in the first four months of 2023, as the country stepped up efforts to ensure sufficient energy supply and cut emissions.
China’s newly installed capacity of wind and photovoltaic power reached 62.51 million kW from Janu
ary to April, data from the National Energy Administration showed on Thursday.
The figure accounted for 74 percent of the country’s total newly installed capacity, up 11.5 percentage points from a year ago.
China’s wind and photovoltaic power generation reached 482.8 billion kWh during the period, up 26.8 percent year on year.
By the end of April, China’s installed capacity of wind power reached 380 million kW and the installed capacity of photovoltaic power came in at 440 million kW.
The two combined accounted for 30.9 percent of the country’s installed power generation capacity. ■