Connect with us

Economy

တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့် BRI ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင်တင်မည်

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် နိုင်ငံများအားလုံး၏ ကွန်ရက်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ကတိပြုထားကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအား အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မေ ၂၄ ရက်၌ ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုမှ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးများ ရရှိခဲ့သည်ဟူသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်၏ မှတ်ချက်ကို မော်က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား လမ်းများ၊ တံတားများနှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ရန် ကူညီပေးလျက်ရှိပြီး တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းများ ပုံမှန်ပံ့ပိုးပေးမှုက ကမ္ဘောဒီးယား၏ ပြည်ပတင်ပို့မှုများနှင့် အလုပ်အကိုင် သန်းပေါင်းများစွာကို ဖန်တီးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“တကယ်တော့ BRI က နိုင်ငံတွေအားလုံးရဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ဖို့ ကတိပြုထားပါတယ်” ဟု မော်က ပြောခဲ့သည်။ BRI သည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိသလို မည်သည့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန့်တားလိမ့်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံ BRI အပေါ် ဟွန်ဆန်၏ မှတ်ချက်များကို ကိုးကား၍ မော်က ပြောကြားခဲ့သည်။ (Xinhua)

#China #Cambodia #BRI #Cooperation #တရုတ် #ကမ္ဘောဒီးယား #ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက် #ပူးပေါင်းဆောင်ရွက်မှု
………………………………
China to advance BRI cooperation with Cambodia: FM
BEIJING, May 24 (Xinhua) — The China-proposed Belt and Road Initiative (BRI) is committed to promoting the connectivity and common development of all countries, and China will continue to advance Belt and Road cooperation with Cambodia, delivering more benefits to the two peoples, Chinese Foreign Ministry spokesperson Mao Ning said on Wednesday.
Mao made the remarks at a daily news briefing in response to Cambodian Prime Minister Hun Sen’s remarks that Cambodia has gained tangible benefits from Belt and Road cooperation with China. He said that China has helped Cambodia to build roads, bridges and other infrastructure, and that China’s steady supply of raw materials has secured Cambodia’s foreign exports and millions of jobs.
“Indeed, the BRI is committed to promoting connectivity and the common development of all countries,” Mao said. She quoted Hun Sen’s comments on China’s BRI, saying the BRI does not target any country, nor will it deter the development of any country.
Photo: Cambodian and Chinese officials visit an exhibition of projects under the Belt and Road Initiative (BRI) at the Sihanoukville Special Economic Zone (SSEZ) in Sihanoukville, Cambodia on May 22, 2023. (Photo by Zhao Yipu/Xinhua)