Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒုတိယအကြိမ်မြောက် Eurasian Economic Forum ၏ မျက်နှာစုံညီ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ယူရေးရှားစီးပွားရေးသမဂ္ဂ ၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ် မြောက် Eurasian Economic Forum ၏ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ် မေ ၂၄ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် သည် ယူရေးရှားစီးပွားရေးသမဂ္ဂ ၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် Eurasian Economic Forum မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မေ ၂၄ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ရှီက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်တို့ကို ရှေ့တန်းတင်ပြီး ထာဝရငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် ဘုံသာယာဝပြောမှုတို့ကို ခံစားနိုင်သော ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်သော၊ သန့်ရှင်းပြီး သာယာလှပသောကမ္ဘာကို အတူတကွ တည်ဆောက်ရန်နှင့် လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရာတွင် နိုင်ငံများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်သည် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်၏ အန္တိမရည်မှန်းချက်ပန်းတိုင်မှာ ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိရန် အနီးအဝေးမှ နိုင်ငံများအတွက် နည်းလမ်းအသစ်များကို ရှာဖွေရေးနှင့် ကမ္ဘာတစ်ခုလုံးကို အကျိုးပြုသည့် “အေးချမ်းသာယာသောလမ်းကြောင်း” ကို ဖွင့်လှစ်ရေးဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ယူအရးရှား အဖွဲ့အစည်း ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယူရေးရှားဒေသမရှိဘဲ မအောင်မြင်နိုင်သလို ဒေသတွင်းကိုလည်း အကျိုးပြုလျက်ရှိကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။

ယူရေးရှားစီးပွားရေးသမဂ္ဂ ၏ ဒုတိယအကြိမ်မြောက် Eurasian Economic Forum ကို မေ ၂၄ ရက်၌ ဗဟုအသွင်ကမ္ဘာကြီး၏ ယူရေးရှား ပေါင်းစည်းရေး ဆောင်ပုဒ်ဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့တွင် အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်မျိုးဖြင့် ကျင်းပခဲ့သည်။ (Xinhua)

#ရှီကျင့်ဖိန် #EurasianEconomicForum #XiJinping #EurasianEconomicForum
————————–
Xi addresses opening ceremony of plenary session of second Eurasian Economic Forum

BEIJING, May 24 (Xinhua) — Chinese President Xi Jinping attended the opening ceremony of the plenary session of the second Eurasian Economic Forum of the Eurasian Economic Union via video link upon invitation and delivered a speech on Wednesday.
Xi said he had put forward the Global Development Initiative, the Global Security Initiative and the Global Civilization Initiative, calling on all countries to work together to build an open, inclusive, clean and beautiful world that enjoys lasting peace, universal security and common prosperity and to build a community with a shared future for humanity.
Noting this year marks the 10th anniversary of the Belt and Road Initiative, Xi said the ultimate goal of this initiative is to explore new ways for countries from near and far to achieve common development and to open up a “path of happiness” that benefits the whole world.
As a member of the Eurasian family, China’s development cannot be achieved without the Eurasian region, and it also benefits the region, Xi noted.
The second Eurasian Economic Forum of the Eurasian Economic Union was held online and offline in Moscow, Russia on Wednesday, with the theme of Eurasian integration in a multipolar world. ■
Chinese President Xi Jinping attends the opening ceremony of the plenary session of the second Eurasian Economic Forum of the Eurasian Economic Union via video link upon invitation and delivers a speech on May 24, 2023. (Xinhua/Li Xueren)