Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လိပ်ပြာ အများအပြား တစ်ဟုန်ထိုး တိုးပွားလာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လိပ်ပြာတောင်ကြားတွင် လိပ်ပြာလေးများအား ၂၀၂၃ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လိပ်ပြာတောင်ကြားတွင် ပိုးရုပ်ဖုံး အခွံမာများမှ လိပ်ပြာအကောင်ရေ သန်းနှင့်ချီ ပေါ်ထွက်လာခဲ့သည့် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ပို၍ပူနွေးသောအပူချိန်ကြောင့် ယခုနှစ် လိပ်ပြာများ တစ်ဟုန်ထိုးတိုးပွားလာခြင်းက ပုံမှန်ထက် အနည်းငယ်စော၍ ဖြစ်ပွားခဲ့ပြီး လိပ်ပြာများ၏ အရွယ်အစားသည် ယခင်နှစ်များကထက် ပိုကြီးကြောင်း ကျင်းဖိန် မြောင်လူမျိုး၊ ယောင်လူမျိုးနှင့် တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ရှိ လိပ်ပြာတောင်ကြားပြတိုက်မှူး Yang Zhenwen ၏ ပြောကြားချက်အရ သိရသည်။

“ဒီနှစ် တောင်ကြားမှာ လိပ်ပြာအကောင်ရေ သန်း ၈၀ ကနေ သန်း ၁၀၀ အထိ ရှိမယ်လို့ မျှော်လင့်ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ လိပ်ပြာတောင်ကြားတွင် နမူနာများ သို့မဟုတ် ဓါတ်ပုံများမှ အတည်ပြုထားသော လိပ်ပြာမျိုးစိတ် ၃၂၀ ကျော် ရှိရာ တရုတ်နိုင်ငံတွင် အရှားပါးဆုံး၊ ရှေးအကျဆုံး၊ အကြီးဆုံးနှင့် အသေးဆုံး လိပ်ပြာများ ပါဝင်ကြောင်း သိရသည်။လိပ်ပြာ အများအပြား တစ်ဟုန်ထိုး ပေါက်ဖွားမှု ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက် အထိ ရှိနေမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ (Xinhua)
—————————-
China’s Yunnan sees butterfly boom
KUNMING, May 27 (Xinhua) — Tens of millions of butterflies have emerged from their chrysalises in the butterfly valley in Honghe Hani and Yi Autonomous Prefecture, southwest China’s Yunnan Province, presenting an astonishing sight.
Due to warmer temperatures, the “butterfly explosion” this year occurred slightly earlier than usual, and the size of butterflies is larger than in previous years, according to Yang Zhenwen, curator of the butterfly valley museum in Jinping Miao, Yao, and Dai Autonomous County.
“We expect that there will be about 80 million to 100 million butterflies in the valley this year,” said Yang.
In the butterfly valley, more than 320 butterfly species have been identified in specimens or photographs, including the rarest, most primitive, largest, and smallest butterflies in China.
The butterfly explosion is estimated to last until around June 10. Enditem
1.Butterflies are seen in the butterfly valley in Honghe Hani and Yi Autonomous Prefecture, southwest China’s Yunnan Province, May 24, 2023. (Xinhua/Cui Wen)