Connect with us

North America

နှစ်မြို့သည်ဖြစ်စေ၊ မနှစ်မြို့သည်ဖြစ်စေ ဒေါ်လာအသုံးပြုမှုလျှော့ချခြင်းကရောက်ရှိလာပြီဟု ပညာရှင်ပြောကြား

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ အမေရိကန်ဒေါ်လာငွေစက္ကူကို ၂၀၂၀ပြည့်နှစ်၊ မတ် ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံများက အမေရိကန်ငွေကြေးအပေါ် အမှီပြုမှုကို လျှော့ချရန် အလေးထားလာကြသဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေးမှာ ရပ်တန့်၍ မရနိုင်သော ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာဖွယ်ရှိကြောင်း Signs of the Times (SOTT) ၏ ဝက်ဘ်ဆိုက်တွင် ယခင်သီတင်းပတ်က ဖော်ပြခဲ့သော ဆောင်းပါး၌ Quincy Institute မှ အကြီးတန်းအကြံပေး Eli Clifton ကပြောခဲ့သည်။“အဓိက ဖြစ်ပေါ်စေတာကတော့ ကမ္ဘာ့စီးပွားရေးရဲ့ ၂၉ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အရန်ရေနံ ၄၀ ရာခိုင်နှုန်း ရှိတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကတစ်ဆင့် အမေရိကန်က သူ့ရဲ့ငွေကြေးကို လက်နက်သဖွယ်အသုံးချခဲ့တာကြောင့်ဖြစ်တယ် ’’ ဟု ဆောင်းပါးတွင်ဖော်ပြထားသည်။

အထူးသဖြင့် ကမ္ဘာ့တောင်ပိုင်း ရှိ နိုင်ငံများသည် ၎င်းတို့၏ အမေရိကန်ဒေါ်လာ အရန်ငွေများကို လျှော့ချခြင်း၊ ဒေါ်လာမဟုတ်သော ငွေကြေးများဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေခြင်းနှင့် နိုင်ငံပေါင်းစုံ ငွေပေးချေမှုနည်းလမ်း အသစ်များ ဖွဲ့စည်းခြင်းတို့ကို ရှာဖွေလျက်ရှိကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။ (Xinhua)

—————————-
Dedollarization is here, like it or not: expert
NEW YORK, May 29 (Xinhua) — Dedollarization appears to be an unstoppable trend as countries around the world look to reduce their dependence on the U.S. currency, said Eli Clifton, a senior advisor at the Quincy Institute, in an article posted on the website of Signs of the Times (SOTT) last week.
“A major driver is Washington’s weaponization of its currency via sanctions, covering 29 percent of the global economy and 40 percent of global oil reserves,” said the article.
Countries, particularly those in the Global South, are reducing their U.S. dollar reserves, settling cross border transactions in non-dollar currencies, and exploring the formation of new multilateral settlement mechanisms, it noted.
Photo taken on March 23, 2020 shows a U.S. dollar banknote in Washington D.C., the United States. (Xinhua/Liu Jie)