Connect with us

Africa & Middle East

ပါကစ္စတန်မြို့တော်ကို ခရမ်းရောင်စိန်ပန်းပြာပန်းပွင့်များဖြင့် လွှမ်းခြုံလျက်ရှိ

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် လမ်းလျှောက်နေကြသူများကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ မြို့တော်အစ္စလာမ်မာဘတ်တွင် စိန်ပန်းပြာများပွင့်လန်းလျက်ရှိသောကြောင့် မြို့တော်၏ လမ်းများမှာ ခရမ်းရောင်ဖြင့်လွှမ်းခြုံလျက်ရှိသည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် လမ်းလျှောက်နေသော ယောင်္ကျားလေးတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် အမှတ်တရဓာတ်ပုံရိုက်နေသော ကလေးငယ်တစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် မော်တော်ဆိုင်ကယ်စီးနေသူတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် ကစားနေကြသော ကလေးငယ်များကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့ စိန်ပန်းပြာပင်အောက်တွင် ထိုင်နေသောအမျိုးသားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

နူးညံ့လှပသော စိန်ပန်းပြာပွင့်များက အမြင်အာရုံကို ပသာဒဖြစ်စေပြီး ဒေသခံများအနေဖြင့် မိတ်ဆွေ၊ မိသားစုများနှင့်အတူ အဆိုပါပန်းအလှမြင်ကွင်းကို ကြည့်ရှုခံစားရင်း ငြိမ်သက်အေးချမ်းမှုကို ရရှိစေကြောင်း သိရသည်။

အပူလျော့ပိုင်း အပင်တစ်မျိုးဖြစ်သော စိန်ပန်းပြာပင်သည် ဘရာဇီးနိုင်ငံ၏ မျိုးရင်းဖြစ်ပြီး များသောအားဖြင့် နွေဦးနှင့် နွေရာသီတွင် ခရမ်းရောင်အပွင့်များပွင့်လန်းလေ့ရှိသည်။ (Xinhua)

…………………………
(English Version)
Jacaranda flowers decorate Pakistani capital with violet haze
ISLAMABAD, May 3 (Xinhua) — Streets in Pakistan’s capital Islamabad are blanketed in beautiful violet haze as the city’s jacarandas are in full bloom.
The sight of the mesmerizing feathery clusters of jacaranda blossoms are a feast for the eyes, bringing a sense of serenity for local residents who get to enjoy these botanical wonders with their family and friends.
A subtropical plant, the jacaranda tree is originated from Brazil and usually bursts into purple flowers in spring and summer.
(1)People walk under blooming jacaranda trees in Islamabad, Pakistan on May 2, 2023. (Photo by Ahmad Kamal/Xinhua)
(2)A boy walks under blooming jacaranda trees in Islamabad, Pakistan on May 2, 2023. (Photo by Ahmad Kamal/Xinhua)
(3)A child is pictured under blooming jacaranda trees in Islamabad, Pakistan on May 2, 2023. (Photo by Ahmad Kamal/Xinhua)
(4)A motorbike rider drives past blooming jacaranda trees in Islamabad, Pakistan on May 2, 2023. (Ph(5)Children play under blooming jacaranda trees in Islamabad, Pakistan, on May 2, 2023. (Photo by Ahmad Kamal/Xinhua)
(6)A man sits under blooming jacaranda trees in Islamabad, Pakistan, on May 2, 2023. (Photo by Ahmad Kamal/Xinhua)