ကူမင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကျောက်ချန်ကျုံးလမ်း၊ ဖန်လုံမြစ်ကမ်းနံဘေးတွင် စိန်ပန်းပြာများ သူ့ထက်ငါအပြိုင် ဝေဆာဖူးပွင့်လျက်ရှိရာ မြို့သူ၊ မြိုသားနှင့် ခရီးသွားဧည့်သည်များစွာက လာရောက်လည်ပတ်ရှုစားပြီး ဓာတ်ပုံရိုက်ရင်း ခရမ်းပြာပန်းပင်လယ်တွင် ဆုံစည်းကြရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua) —————– (Chinese Version)...
အစ္စလာမ်မာဘတ်၊ မေ ၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၏ မြို့တော်အစ္စလာမ်မာဘတ်တွင် စိန်ပန်းပြာများပွင့်လန်းလျက်ရှိသောကြောင့် မြို့တော်၏ လမ်းများမှာ ခရမ်းရောင်ဖြင့်လွှမ်းခြုံလျက်ရှိသည်။ နူးညံ့လှပသော စိန်ပန်းပြာပွင့်များက အမြင်အာရုံကို ပသာဒဖြစ်စေပြီး ဒေသခံများအနေဖြင့် မိတ်ဆွေ၊ မိသားစုများနှင့်အတူ အဆိုပါပန်းအလှမြင်ကွင်းကို ကြည့်ရှုခံစားရင်း ငြိမ်သက်အေးချမ်းမှုကို ရရှိစေကြောင်း သိရသည်။ အပူလျော့ပိုင်း အပင်တစ်မျိုးဖြစ်သော စိန်ပန်းပြာပင်သည်...