Connect with us

China

တရုတ်ကွန်မြူနစ်လူငယ်များအသင်း အဖွဲ့ဝင်အရေအတွက် ၇၃.၅၈ သန်းအထိ ရောက်ရှိလာ

ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်လူငယ်များအသင်း (CYLC) တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ အသင်းဝင်ဦးရေ ၇၃.၅၈ သန်းကျော် ရှိလာပြီဖြစ်ကြောင်း CYLC ဗဟိုကော်မတီက မေ ၃ ရက်၌ ထုတ်ပြန်သောစာရင်းအင်းများအရ သိရသည်။

တရုတ်နိုင်ငံတစ်ဝန်း ယခင်နှစ်ကုန်အထိ CYLC တွင် အဖွဲ့အစည်းပေါင်း ၄.၀၉၀ သန်းကျော် ရှိကြောင်း အချက်အလက်များက ဖော်ပြထားသည်။

ယင်းအနက် CYLC အဖွဲ့အစည်း ၁.၈၆ သန်းကျော်မှာ စာသင်ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ရှိကာ ကျောင်းသားအသင်းသန်း ၄၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် အခြား CYLC အဖွဲ့အစည်းများမှာ စီးပွားရေးလုပ်ငန်းများ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၊ မြို့ပြနှင့် ကျေးလက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အခြားနယ်ပယ်များ၌ ရှိကြသည်။ (Xinhua)

………………………………
(English Version)
Communist Youth League of China membership reaches 73.58 mln

BEIJING, May 3 (Xinhua) — The Communist Youth League of China (CYLC) had over 73.58 million members as of the end of December 2022, according to statistics released by the CYLC Central Committee on Wednesday.
The CYLC had over 4.09 million organizations across China by the end of last year, the data shows.
There were over 1.86 million CYLC organizations at schools, colleges and universities, with around 40 million student members.
The other CYLC organizations were in enterprises, public institutions, urban and rural communities, social organizations and other fields.