Connect with us

China

ယခုနှစ် ပထမသုံးလပတ်တွင် ရှန်ဟိုင်း၏ စွမ်းအင်သစ်ထုတ်ကုန် တင်ပို့မှုများ အားကောင်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ဖူတုံရှိ လုကျားကျွေဧရိယာ ညဘက်မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မေ ၃ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းအကောက်ခွန်ဌာနမှ ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ရသည့် လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ လီသီယမ်အိုင်းယွန်းဘက်ထရီများ၊ နေရောင်ခြည်ဆဲလ်များ အပါအဝင် စွမ်းအင် ထုတ်ကုန်သစ် တင်ပို့မှုများမှာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း တိုးတက်အားကောင်းခဲ့ကြောင်း အကောက်ခွန်ဌာနက မေ ၂ ရက်က ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ မတ်လအတွင်း လျှပ်စစ်သုံးမော်တော်ယာဉ် အစီးရေ ၁၄၇,၀၀၀ စီး တင်ပို့ခဲ့ရပြီး ကာလတန်ဖိုးအားဖြင့် ယွမ် ၃၃.၈၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၈၉ ဘီလီယံခန့်) ရှိခဲ့ကြောင်း၊ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၄.၉ ရာခိုင်နှုန်း နှင့် ၇၇.၆ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။

လီသီယမ်အိုင်းယွန်းဘက်ထရီနှင့်နေရောင်ခြည်ဆဲလ်များတင်ပို့မှုအနေဖြင့်လည်း ယခင်နှစ်ကထက် ၁၃၃.၅ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ကာလတန်ဖိုးအားဖြင့် ယွမ် ၃၅.၀၂ဘီလီယံနှင့် ယွမ် ၃၅ဘီလီယံ အသီးသီး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………

(English Version)
Shanghai sees strong exports of new energy products in Q1
SHANGHAI, May 2 (Xinhua) — Exports of new energy products, including electric vehicles, lithium-ion batteries, solar cells, handled by the Shanghai Customs posted strong growth in the first quarter of 2023, the customs said on Tuesday.
From January to March, 147,000 electric automobiles were exported, with a value of 33.88 billion yuan (about 4.89 billion U.S. dollars), up 34.9 percent and 77.6 percent, respectively, over the same period last year.
Exports of lithium-ion batteries and solar cells rose 133.5 percent and 27 percent year on year to 35.02 billion yuan and 35 billion yuan, respectively.
Photo: Photo taken on Nov. 12, 2020 shows the night view of the Lujiazui area of Pudong, east China’s Shanghai.(Xinhua/Wang Xiang)