Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေ တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်တွင် မေ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေနှင့် နေပြည်တော်တွင် မေ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးသန်းရွှေ၏ အဓိကအကျိုးဆောင်မှုများကို တန်ဖိုးထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အမြဲရှုမြင်ပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အစဉ်အမြဲ ယုံကြည်ရသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်သလို မြန်မာနိုင်ငံတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းကို အစဉ်အမြဲ ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားသလို မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ဆောင်ရွက်မှုကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ခြင်း၊ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ခြင်းတို့တွင် အပြုသဘောပံ့ပိုးဆောင်ရွက်သွားပြီး မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟောင်း ဦးသန်းရွှေက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်နိုင်ငံယခင်ခေါင်းဆောင်များက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံခေတ်အဆက်ဆက် ခေါင်းဆောင်များက တွန်းအားပေး ဆောင်ရွက်ခဲ့ကြရာ နှစ်နိုင်ငံပြည်သူများ၏စိတ်နှလုံးဝယ်စွဲမြဲစွာ တည်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေး ထားရှိကာ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသောကူညီပံ့ပိုးမှုများပေးအပ်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအစဉ်အလာကို ခိုင်မာစွာ ဆက်ခံကာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး ရလဒ်ကောင်းများ ရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
秦刚会见缅甸前国家和平与发展委员会主席丹瑞
新华社内比都5月2日电(记者张东强)当地时间5月2日,国务委员兼外长秦刚在内比都会见缅甸前国家和平与发展委员会主席丹瑞。
秦刚赞赏丹瑞为中缅关系发展作出的重要贡献,表示中方始终从战略高度看待和发展中缅关系,始终是缅甸可以信赖的好邻居、好朋友、好伙伴,始终支持缅甸维护稳定、促进发展。中方尊重缅甸主权和领土完整,支持缅甸推进国内和平进程,愿继续为缅维护独立自主、保持政治稳定、实现可持续发展提供积极协助,同缅方一道构建中缅命运共同体。
丹瑞表示,缅中胞波友谊由两国老一辈领导人缔造并得到两国历代领导人推动,深深印刻在两国人民心中。感谢中方始终同缅睦邻友好,为缅经济社会发展提供有力帮助。希望缅中双方坚持传承胞波情谊,加强友好合作,推动两国关系取得更加丰硕的成果。(完)1. 5月2日,在缅甸内比都,中国国务委员兼外长秦刚(右)同缅甸外长丹穗举行会谈。 新华社发(苗觉梭摄)