Connect with us

Science & Technology

တရုတ်နိုင်ငံ ပြည်တွင်းထုတ်လေယာဉ်ကြီး၏ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုက လေကြောင်းလုပ်ငန်းအတွက် အခွင့်အလမ်းသစ်များဆောင်ကြဉ်းပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ပထမဆုံး ပုံမှန်လေကြောင်းခရီးစဉ်အတွက် အသင့်ဖြစ်နေသော တရုတ်နိုင်ငံပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C919 ကို ၂၀၂၃ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးက စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုကဏ္ဍ၌ ဝင်ရောက်လာပြီဖြစ်သဖြင့် နိုင်ငံ၏ လေကြောင်းလုပ်ငန်းနှင့် ၎င်းအားပံ့ပိုးပေးသော ကဏ္ဍအားလုံးကို လာမည့်ဆယ်စုနှစ်များအတွင်း ကြီးမားသောဈေးကွက် အခွင့်အလမ်းများ မြင်တွေ့ရမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများနှင့် ယင်းလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းလီမိတက် (COMAC) မှ ထုတ်လုပ်ထားသော ကိုယ်ထည်ကျဉ်းလေယာဉ် C919 သည် မေ ၂၈ ရက်က ရှန်ဟိုင်းမြို့မှ ပေကျင်းမြို့သို့ ပထမဆုံး စီးပွားရေးလေကြောင်းပျံသန်းမှု ပြီးစီးခဲ့ကာ မြို့ပြလေကြောင်းဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

“C919 လေယာဉ်ရဲ့ စီးပွားဖြစ်လေကြောင်းပျံသန်းမှုအောင်မြင်ခြင်းက တရုတ်ပြည်တွင်းထုတ် ဂျက်လေယာဉ်အနေနဲ့ မြို့ပြလေကြောင်းလုပ်ငန်းမှာ ယှဉ်ပြိုင်မှုအများဆုံးတစ်ခုဖြစ်တဲ့ ခရီးသည် ၁၅၀ မှ ၂၀၀ ကြား တင်ဆောင်နိုင်သော ကိုယ်ထည်ကျဉ်းလေယာဉ်ဈေးကွက်အတွင်း ဝင်ရောက်နိုင်ခဲ့ပြီလို့ ဆိုလိုတာပါပဲ” ဟု လေကြောင်းလုပ်ငန်း ကျွမ်းကျင်သူ ဟန်ထောင်းက Securities Daily သတင်းစာအား ပြောခဲ့သည်။

၂၀၀၇ ခုနှစ်တွင် စတင်ကြေညာခဲ့သော C919 စီမံကိန်း၏ ပထမဆုံး လေယာဉ်မှာ ၂၀၁၅ ခုနှစ်၌ ထုတ်လုပ်ရေးလိုင်းမှ ထွက်ပေါ်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ ယင်းလေယာဉ်မှာ ပွဲဦးထွက်ပျံသန်းမှု အောင်မြင်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ C919 လေယာဉ်သည် မေ ၂၉ ရက်က China Eastern Airlines ၏ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းအတွင်း စတင်အသုံးပြုနေပြီဖြစ်ကာ ရှန်ဟိုင်းမြို့နှင့် စီချွမ်းပြည်နယ် ချိန်တူးမြို့ကြား ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။ လေကြောင်းလိုင်း၏အဆိုအရ လေယာဉ်သစ်များရောက်ရှိလာနေပြီဖြစ်သလို ခရီးစဉ်များလည်း ဖြည်းဖြည်းချင်း ပိုမိုပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။C919 လေယာဉ်အား ဝယ်ယူသူအသီးသီးထံမှ ကြိုတင်အမှာစာ ၁,၀၆၁ ခု ရရှိထားကြောင်း COMAC အရ သိရသည်။ (Xinhua)
————————–
………………………………
Homegrown jet’s commercial debut brings new opportunities for China’s aviation industry

BEIJING, May 30 (Xinhua) — As China’s first indigenously developed large jetliner has entered commercial service, the country’s aviation industry and its supporting sectors will see tremendous market opportunities in the coming decades, analysts and industry experts have said.
The C919, a single-aisle aircraft designed by Commercial Aircraft Corporation of China, Ltd. (COMAC), completed its first commercial flight from Shanghai to Beijing on Sunday, marking its official entry into the civil aviation market.
“The successful commercial debut of the C919 means that China’s homegrown jet has gained access to the mainstream 150-to-200-seat, single-aisle trunk aircraft market, one of the most competitive markets in civil aviation,” aviation expert Han Tao told Securities Daily.
Launched in 2007, the C919 project saw its first aircraft roll off the production line in 2015. In 2017, the model had its successful maiden flight.
The C919 plane was put into regular service by China Eastern Airlines on Monday, flying between Shanghai and Chengdu, Sichuan Province. The airline said that with new planes arriving, the model will gradually operate on more routes.
There have so far been 1,061 orders for C919 planes from various customers, according to COMAC.
Photo: This photo taken on May 28, 2023 shows a C919, China’s self-developed large passenger aircraft, getting ready for its first commercial flight in east China’s Shanghai. (Xinhua/Ding Ting)